17. ထို့နောက် ထိုအယောက်ခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာ၍ “သခင်၊ ကိုယ်တော်၏နာမတော်၌ နတ်ဆိုးတို့ပင် အကျွန်ုပ်တို့ကိုနာခံကြပါ၏”ဟု လျှောက်ကြ၏။
18. ကိုယ်တော်ကလည်း “စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။
19. ငါသည် သင်တို့အား မြွေများနှင့်ကင်းမြီးကောက်များကိုနင်းခြေ၍ ရန်သူ၏တန်ခိုးအလုံးစုံတို့ကိုနိုင်ရသောအခွင့်အာဏာကို ပေးအပ်ထားပြီဖြစ်၍ မည်သည့်အရာကမျှ သင်တို့ကို အနာတရဖြစ်စေမည်မဟုတ်။
20. သို့သော် နတ်ဆိုးတို့သည် သင်တို့ကိုနာခံကြသည့်အတွက် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များကို ကောင်းကင်၌ရေးမှတ်ထားသည့်အတွက် ဝမ်းမြောက်ကြလော့”ဟု မိန့်တော်မူ၏။
21. ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍ “ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူတို့အား ဤအရာများကိုဝှက်ထားလျက် ကလေးသူငယ်တို့ကိုဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
22. ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ သားတော်သည် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ”ဟု မြွက်ဆိုတော်မူ၏။
23. ထို့နောက် တပည့်တော်တို့ဘက်သို့လှည့်၍ “သင်တို့မြင်နေရသည့်အရာများကို မြင်ရသောမျက်စိတို့သည် မင်္ဂလာရှိကြ၏။