Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 10:10-13 Myanmar Standard Bible (MSB)

10. မည်​သည့်​မြို့​သို့​မ​ဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​၏​လမ်း​မ​ပေါ်​သို့ ထွက်​ပြီး​လျှင်

11. ‘ငါ​တို့​ခြေ​တွင်​ကပ်​နေ​သည့် သင်​တို့​မြို့​မှ မြေ​မှုန့်​ကို​ပင် ငါ​တို့​ခါ​ချ​ခဲ့​၏။ သို့​သော် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၌​ပေါ်​ထွန်း​လု​နီး​ပြီ​ဖြစ်​ကြောင်း သိ​မှတ်​ကြ​လော့’​ဟု ဟော​ပြော​ကြ​လော့။

12. သင်​တို့​အား ငါ​ဆို​မည်။ ထို​နေ့​၌ သော​ဒုံ​မြို့​သည် ထို​မြို့​ထက် ခံ​သာ​လိမ့်​မည်။

13. ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အမင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​၌​ပြု​ခဲ့​သော​တန်​ခိုး​လက္ခ​ဏာ​များ​ကို တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေး​ယ​ခင်​က​ပင် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​လျက် ပြာ​ထဲ​၌​ထိုင်​ကာ နောင်​တ​ရ​ခဲ့​ကြ​ပေ​လိမ့်​မည်။