Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 10:1-10 Myanmar Standard Bible (MSB)

1. ထို့​နောက် သ​ခင်​ဘု​ရား​သည် အ​ခြား​သော​သူ အ​ယောက်​ခု​နစ်​ဆယ်​တို့​ကို​ခန့်​ထား​၍ ကြွ​တော်​မူ​ရန်​ကြံ​ရွယ်​ထား​သော မြို့​ရွာ​အ​ရပ်​ရပ်​သို့ မိ​မိ​ရှေ့​မှ​နှစ်​ဦး​စီ​နှစ်​ဦး​စီ စေ​လွှတ်​တော်​မူ​၏။

2. ကိုယ်​တော်​သည် ထို​သူ​တို့​အား “ရိတ်​သိမ်း​စ​ရာ​များ​စွာ​ရှိ​သော်​လည်း လုပ်​သား​သည်​နည်း​လှ​၏။ ထို့​ကြောင့် ရိတ်​သိမ်း​ခြင်း​အ​တွက် လုပ်​သား​များ​ကို​စေ​လွှတ်​ပေး​တော်​မူ​ရန် ရိတ်​သိမ်း​ခြင်း​၏​အ​ရှင်​ထံ ဆု​တောင်း​ကြ​လော့။

3. သွား​ကြ။ ဝံ​ပု​လွေ​များ​ထဲ​သို့ သိုး​သ​ငယ်​များ​ကို​စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်​၏။

4. ပိုက်​ဆံ​အိတ်၊ လွယ်​အိတ်​နှင့် ဖိ​နပ်​တို့​ကို မ​ယူ​သွား​ကြ​နှင့်။ လမ်း​၌ မည်​သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။

5. မည်​သည့်​အိမ်​သို့​မ​ဆို သင်​တို့​ဝင်​ကြ​သော​အ​ခါ ‘ဤ​အိမ်​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ’​ဟူ​၍ ဦး​စွာ​နှုတ်​ဆက်​ကြ​လော့။

6. ထို​နေ​ရာ​တွင် ငြိမ်​သက်​ခြင်း​၏​သား​ရှိ​လျှင် သင်​တို့​၏​ငြိမ်​သက်​ခြင်း​သည် ထို​သူ​အ​ပေါ်​သက်​ရောက်​လိမ့်​မည်။ မ​ရှိ​လျှင်​မူ​ကား ထို​ငြိမ်​သက်​ခြင်း​သည် သင်​တို့​ထံ​ပြန်​လာ​လိမ့်​မည်။

7. ထို​တစ်​အိမ်​တည်း​မှာ​ပင် တည်း​ခို​၍ သူ​တို့​ထံ​၌ စား​သောက်​ကြ​လော့။ အ​ကြောင်း​မူ​ကား အ​လုပ်​လုပ်​သော​သူ​သည် လုပ်​အား​ခ​ကို​ရ​ထိုက်​၏။ တစ်​အိမ်​မှ တစ်​အိမ်​သို့ မ​ပြောင်း​ကြ​နှင့်။

8. မည်​သည့်​မြို့​သို့​မ​ဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​ခံ​လျှင် သင်​တို့​ရှေ့​၌​တည်​ခင်း​သော​အ​ရာ​များ​ကို စား​ကြ​လော့။

9. ထို​မြို့​ရှိ နာ​မ​ကျန်း​ဖြစ်​သူ​များ​ကို​ကျန်း​မာ​စေ​၍ ‘ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၌​ပေါ်​ထွန်း​လု​နီး​ပြီ’​ဟု သူ​တို့​အား ဟော​ပြော​ကြ​လော့။

10. မည်​သည့်​မြို့​သို့​မ​ဆို သင်​တို့​ဝင်​၍ လူ​တို့​သည် သင်​တို့​ကို​လက်​မ​ခံ​လျှင် ထို​မြို့​၏​လမ်း​မ​ပေါ်​သို့ ထွက်​ပြီး​လျှင်