Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:60-71 Myanmar Standard Bible (MSB)

60. သို့​ရာ​တွင် သူ​ငယ်​၏​မိ​ခင်​က “ထို​သို့​မ​မှည့်​ရ။ ယော​ဟန်​ဟု​မှည့်​ခေါ်​ရ​မည်”​ဟု ဆို​လေ​၏။

61. သူ​တို့​က​လည်း “သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​တွင် ဤ​နာ​မည်​ဖြင့်​မှည့်​ခေါ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ”​ဟု ဆို​ကြ​ပြီး​လျှင်

62. သူ့​ကို​မည်​သို့​မှည့်​ခေါ်​စေ​လို​ကြောင်း သူ​၏​ဖ​ခင်​အား လက်​ရိပ်​ပြ​၍​မေး​မြန်း​ကြ​၏။

63. ဖ​ခင်​သည်​လည်း သင်​ပုန်း​ကို​တောင်း​၍ “သူ​၏​အ​မည်​မှာ ယော​ဟန်​ဖြစ်​သည်”​ဟု ရေး​လိုက်​သော် ထို​သူ​အ​ပေါင်း​တို့​သည်​အံ့​ဩ​ကြ​၏။

64. ထို​ခ​ဏ​ချင်း​တွင် ဇာ​ခ​ရိ​၏​နှုတ်​သည်​ပွင့်​၍ သူ​၏​လျှာ​သည်​လည်း​ပြေ​လျော့​သ​ဖြင့် သူ​သည်​စ​ကား​ပြော​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လေ​၏။

65. သူ​တို့​ပတ်​ဝန်း​ကျင်​၌​နေ​ထိုင်​သူ​ရှိ​သ​မျှ​တို့​သည် ကြောက်​ရွံ့​ကြ​၍ ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​သည် ယု​ဒ​နယ်​တောင်​ပေါ်​ဒေ​သ​တစ်​လျှောက်​တွင် ကျော်​စော​လေ​၏။

66. ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ထို​အ​ကြောင်း​အ​ရာ​တို့​ကို နှ​လုံး​သွင်း​၍ “ဤ​သူ​ငယ်​သည် မည်​သို့​သော​သူ​ဖြစ်​လိမ့်​မည်​နည်း”​ဟု ဆို​ကြ​၏။ အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​၏​လက်​တော်​သည် သူ​ငယ်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။

67. သူ​ငယ်​၏​ဖ​ခင်​ဇာ​ခ​ရိ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကာ

68. “အစ္စ​ရေး​လူ​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​လူ​မျိုး​တော်​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​၍ ရွေး​နုတ်​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ပြု​တော်​မူ​ပြီး

69-70. မိ​မိ​၏​ရှေး​သန့်​ရှင်း​သော​ပ​ရော​ဖက်​များ​၏​နှုတ်​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ငါ​တို့​အ​တွက် ကယ်​တင်​ခြင်း​ဦး​ချို​ကို ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင် ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။

71. ဤ​ကယ်​တင်​ခြင်း​သည် ငါ​တို့​၏​ရန်​သူ​များ​နှင့် ငါ​တို့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​တင်​တော်​မူ​ခြင်း​ဖြစ်​၏။