Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:53-64 Myanmar Standard Bible (MSB)

53. ဆာ​လောင်​သော​သူ​တို့​ကို ကောင်း​သော​အ​ရာ​များ​ဖြင့်​ပြည့်​ဝ​စေ​၍ ကြွယ်​ဝ​သော​သူ​တို့​ကို လက်​ချည်း​သက်​သက်​ပြန်​လွှတ်​တော်​မူ​၏။

54-55. ကိုယ်​တော်​သည် ငါ​တို့​ဘိုး​ဘေး​များ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ဗြ​ဟံ​မှ​စ​၍ သူ​၏​အ​မျိုး​အ​နွယ်​အ​ပေါ် ကာ​လ​အ​စဉ်​အ​ဆက်​ထား​ရှိ​သော​က​ရု​ဏာ​တော်​ကို​အောက်​မေ့​၍ မိ​မိ​၏​အ​စေ​ခံ​အစ္စ​ရေး​လူ​မျိုး​ကို ကူ​ညီ​မ​စ​တော်​မူ​ပြီ”​ဟု ဆို​၏။

56. မာ​ရိ​သည် အဲ​လစ်​ဇ​ဘက်​နှင့်​အ​တူ သုံး​လ​ခန့်​နေ​ပြီး​နောက် မိ​မိ​အိမ်​သို့​ပြန်​လေ​၏။

57. ထို့​နောက် အဲ​လစ်​ဇ​ဘက်​သည် ဖွား​ချိန်​စေ့​၍ သား​ယောက်ျား​ကို​ဖွား​မြင်​၏။

58. ထာ​ဝ​ရ​ဘု​ရား​သည် ထူး​မြတ်​သော​က​ရု​ဏာ​တော်​ကို အဲ​လစ်​ဇ​ဘက်​အ​ပေါ်​ပြ​သ​တော်​မူ​ကြောင်း အိမ်​နီး​ချင်း​နှင့် ဆွေ​မျိုး​သား​ချင်း​တို့​သည် ကြား​ကြ​သော​အ​ခါ သူ​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ​၏။

59. ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ​တို့​သည် သူ​ငယ်​အား​အ​ရေ​ဖျား​လှီး​ခြင်း​ပေး​ရန် လာ​ကြ​၍ သူ့​ဖ​ခင်​၏​နာ​မည်​အ​တိုင်း သူ့​ကို ဇာ​ခ​ရိ​ဟု​မှည့်​ခေါ်​မည်​ပြု​ကြ​၏။

60. သို့​ရာ​တွင် သူ​ငယ်​၏​မိ​ခင်​က “ထို​သို့​မ​မှည့်​ရ။ ယော​ဟန်​ဟု​မှည့်​ခေါ်​ရ​မည်”​ဟု ဆို​လေ​၏။

61. သူ​တို့​က​လည်း “သင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​တွင် ဤ​နာ​မည်​ဖြင့်​မှည့်​ခေါ်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ”​ဟု ဆို​ကြ​ပြီး​လျှင်

62. သူ့​ကို​မည်​သို့​မှည့်​ခေါ်​စေ​လို​ကြောင်း သူ​၏​ဖ​ခင်​အား လက်​ရိပ်​ပြ​၍​မေး​မြန်း​ကြ​၏။

63. ဖ​ခင်​သည်​လည်း သင်​ပုန်း​ကို​တောင်း​၍ “သူ​၏​အ​မည်​မှာ ယော​ဟန်​ဖြစ်​သည်”​ဟု ရေး​လိုက်​သော် ထို​သူ​အ​ပေါင်း​တို့​သည်​အံ့​ဩ​ကြ​၏။

64. ထို​ခ​ဏ​ချင်း​တွင် ဇာ​ခ​ရိ​၏​နှုတ်​သည်​ပွင့်​၍ သူ​၏​လျှာ​သည်​လည်း​ပြေ​လျော့​သ​ဖြင့် သူ​သည်​စ​ကား​ပြော​လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လေ​၏။