Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:41-49 Myanmar Standard Bible (MSB)

41. မာ​ရိ​၏​နှုတ်​ဆက်​စ​ကား​ကို အဲ​လစ်​ဇ​ဘက်​ကြား​ရ​သော​အ​ခါ သူ​၏​က​လေး​ငယ်​သည် ဝမ်း​ထဲ​၌​ခုန်​လေ​၏။ အဲ​လစ်​ဇ​ဘက်​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက်

42. “သင်​သည် မိန်း​မ​တို့​တွင် မင်္ဂ​လာ​ရှိ​၏။ သင်​၏​ဝမ်း​တွင်း​မှ​က​လေး​သည်​လည်း မင်္ဂ​လာ​ရှိ​၏။

43. ကျွန်​မ​သ​ခင်​၏​မယ်​တော်​သည် ကျွန်​မ​ထံ​သို့​ရောက်​လာ​သော​ကျေး​ဇူး​ကို အ​ဘယ်​ကြောင့် ကျွန်​မ​ခံ​ရ​ပါ​သ​နည်း။

44. အ​မှန်​စင်​စစ် သင်​၏​နှုတ်​ဆက်​စ​ကား​ကို ကျွန်​မ​ကြား​ရ​သော​အ​ခါ ကျွန်​မ​၏​က​လေး​ငယ်​သည် ရွှင်​မြူး​ခြင်း​ဖြင့် ဝမ်း​ထဲ​၌​ခုန်​ပါ​၏။

45. မိ​မိ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​အ​ရာ​များ​ပြည့်​စုံ​မည်​ဟု ယုံ​ကြည်​သော​မိန်း​မ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​ပြော​ဆို​လေ​၏။

46. မာ​ရိ​က​လည်း “ငါ​၏​စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​၍

47. ငါ့​ဝိ​ညာဉ်​သည် ငါ​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​၌ ရွှင်​မြူး​၏။

48. အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် မိ​မိ​အ​စေ​အ​ပါး​၏​သိမ်​ငယ်​သော​အ​ဖြစ်​ကို ဂ​ရု​စိုက်​တော်​မူ​ပြီ။ ယ​ခု​မှ​စ​၍ နောင်​လာ​နောက်​သား​အ​ပေါင်း​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သော​သူ​ဟု ခေါ်​ကြ​လိမ့်​မည်။

49. အ​ဘယ်​ကြောင့်​ဆို​သော် တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​သည် ကြီး​မား​သော​အ​မှု​တို့​ကို ငါ့​အ​တွက်​ပြု​တော်​မူ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​သည် သန့်​ရှင်း​တော်​မူ​၏။