Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:23-27 Myanmar Standard Bible (MSB)

23. ထို့​နောက် သူ​သည် တာ​ဝန်​ထမ်း​ဆောင်​ရ​သည့်​နေ့​ရက်​များ​ပြီး​ဆုံး​သွား​သ​ဖြင့် မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

24. ထို​နေ့​ရက်​များ​နောက်​တွင် သူ​၏​ဇ​နီး​အဲ​လစ်​ဇ​ဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်​လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။

25. အဲ​လစ်​ဇ​ဘက်​က “ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​အ​လယ်​၌ ငါ​ခံ​ရ​သော​ကဲ့​ရဲ့​ရှုတ်​ချ​ခြင်း​ကို​ဖယ်​ရှား​ရန် ငါ့​ကို​ဂ​ရု​ပြု​တော်​မူ​သည့်​နေ့​ရက်​များ​၌ ဤ​သို့​ပြု​တော်​မူ​ပြီ”​ဟု ဆို​လေ​၏။

26. ဆဋ္ဌ​မ​လ​တွင် ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​အား ဂါ​လိ​လဲ​နယ်၊ နာ​ဇ​ရက်​ဟု​ခေါ်​သော​မြို့​၌​ရှိ​သည့် အ​ပျို​က​ညာ​တစ်​ဦး​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။

27. ထို​အ​ပျို​က​ညာ​သည် ဒါ​ဝိဒ်​အ​မျိုး၊ ယော​သပ်​အ​မည်​ရှိ​သော​သူ​နှင့် စေ့​စပ်​ထား​သူ​ဖြစ်​ပြီး သူ​၏​နာ​မည်​မှာ မာ​ရိ​ဖြစ်​၏။