Myanmar Standard Bible

ရှင်​လု​ကာ​ခ​ရစ်​ဝင် 1:22-34 Myanmar Standard Bible (MSB)

22. သို့​သော် ဇာ​ခ​ရိ​ပြန်​ထွက်​လာ​သော​အ​ခါ သူ​တို့​အား​စ​ကား​မ​ပြော​နိုင်​သော​ကြောင့် သူ​သည် ဗိ​မာန်​တော်​ထဲ​၌ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​ပြီ​ဟု သိ​ရှိ​သွား​ကြ​၏။ ဇာ​ခ​ရိ​သည် သူ​တို့​အား ကိုယ်​လက်​အ​မူ​အ​ရာ​ကို​သာ​ပြ​၍ ဆွံ့​အ​လျက်​နေ​၏။

23. ထို့​နောက် သူ​သည် တာ​ဝန်​ထမ်း​ဆောင်​ရ​သည့်​နေ့​ရက်​များ​ပြီး​ဆုံး​သွား​သ​ဖြင့် မိ​မိ​အိမ်​သို့​ပြန်​သွား​လေ​၏။

24. ထို​နေ့​ရက်​များ​နောက်​တွင် သူ​၏​ဇ​နီး​အဲ​လစ်​ဇ​ဘက်​သည် သန္ဓေ​တည်​၍ ငါး​လ​ပတ်​လုံး အိမ်​တွင်း​၌​အောင်း​လျက်​နေ​၏။

25. အဲ​လစ်​ဇ​ဘက်​က “ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​အ​လယ်​၌ ငါ​ခံ​ရ​သော​ကဲ့​ရဲ့​ရှုတ်​ချ​ခြင်း​ကို​ဖယ်​ရှား​ရန် ငါ့​ကို​ဂ​ရု​ပြု​တော်​မူ​သည့်​နေ့​ရက်​များ​၌ ဤ​သို့​ပြု​တော်​မူ​ပြီ”​ဟု ဆို​လေ​၏။

26. ဆဋ္ဌ​မ​လ​တွင် ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ဂါ​ဗြေ​လ​အား ဂါ​လိ​လဲ​နယ်၊ နာ​ဇ​ရက်​ဟု​ခေါ်​သော​မြို့​၌​ရှိ​သည့် အ​ပျို​က​ညာ​တစ်​ဦး​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။

27. ထို​အ​ပျို​က​ညာ​သည် ဒါ​ဝိဒ်​အ​မျိုး၊ ယော​သပ်​အ​မည်​ရှိ​သော​သူ​နှင့် စေ့​စပ်​ထား​သူ​ဖြစ်​ပြီး သူ​၏​နာ​မည်​မှာ မာ​ရိ​ဖြစ်​၏။

28. ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​သို့​ဝင်​လာ​၍ “ကျေး​ဇူး​တော်​ခံ​စား​ရ​သော​အ​မျိုး​သ​မီး၊ သင်​သည်​မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏”​ဟု မြွက်​ဆို​လေ​၏။

29. မာ​ရိ​သည် ထို​စ​ကား​ကြောင့် စိတ်​မ​ငြိမ်​မ​သက်​ဖြစ်​ပြီး ဤ​နှုတ်​ဆက်​ခြင်း​သည် မည်​သည့်​အ​ရာ​ကို​ဆို​လို​သ​နည်း​ဟု တွေး​တော​ဆင်​ခြင်​လျက်​နေ​၏။

30. ကောင်း​ကင်​တ​မန်​က​လည်း “မာ​ရိ၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ အ​ကြောင်း​မူ​ကား သင်​သည် ဘု​ရား​သ​ခင်​ထံ​မှ ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​လေ​ပြီ။

31. သင်​သည် သန္ဓေ​တည်​၍ သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ သူ​၏​အ​မည်​ကို ယေ​ရှု​ဟူ​၍​မှည့်​ခေါ်​ရ​မည်။

32. သူ​သည် ကြီး​မြတ်​သော​သူ​ဖြစ်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟူ​၍​လည်း ခေါ်​ဝေါ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အား သူ့​အ​ဖ​ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​ကို​ပေး​တော်​မူ​၍

33. သူ​သည် ယာ​ကုပ်​အ​မျိုး​ကို ကာ​လ​အ​စဉ်​အ​ဆက်​အုပ်​ချုပ်​လိမ့်​မည်။ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဆုံး​မ​ရှိ အ​စဉ်​တည်​လိမ့်​မည်”​ဟု မြွက်​ဆို​လေ​၏။

34. မာ​ရိ​က​လည်း “ကျွန်​မ​သည် ယောက်ျား​နှင့်​ဆက်​ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်​၍ ဤ​အ​မှု​အ​ရာ​သည် မည်​သို့​ဖြစ်​လိမ့်​မည်​နည်း”​ဟု ကောင်း​ကင်​တ​မန်​အား မေး​လေ​၏။