Myanmar Standard Bible

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​တ​တိ​ယ​စောင် 1:8-15 Myanmar Standard Bible (MSB)

8. ထို့​ကြောင့် ငါ​တို့​သည် သမ္မာ​တ​ရား​အ​တွက် သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင်​သော​သူ​ဖြစ်​ကြ​ရန် သူ​တို့​ကို​ကူ​ညီ​ထောက်​ပံ့​သင့်​၏။

9. ငါ​သည် အ​သင်း​တော်​ထံ​သို့ စာ​အ​နည်း​ငယ်​ရေး​ခဲ့​သော်​လည်း သူ​တို့​တွင် ခေါင်း​ဆောင်​ဖြစ်​လို​သော ဒ​ယော​တ​ရပ်​သည် ငါ​တို့​ကို​လက်​မ​ခံ။

10. ထို့​ကြောင့် ငါ​လာ​သော​အ​ခါ သူ​ပြု​နေ​သော​အ​မှု​ကို​ထောက်​ပြ​မည်။ သူ​သည် မ​ကောင်း​သော​စ​ကား​အ​မျိုး​မျိုး​တို့​ဖြင့် ငါ​တို့​ကို ကဲ့​ရဲ့​ပြစ်​တင်​ပြီး ဤ​မျှ​နှင့်​သာ​မ​ကျေ​နပ်​ဘဲ သူ​ကိုယ်​တိုင်​လည်း ညီ​အစ်​ကို​တို့​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သော​သူ​များ​ကို​လည်း တား​မြစ်​၍ အ​သင်း​တော်​မှ နှင်​ထုတ်​၏။

11. ချစ်​ရ​သော​သူ၊ မ​ကောင်း​သော​အ​မှု​ကို​အ​တု​မ​ယူ​ဘဲ ကောင်း​သော​အ​မှု​ကို​အ​တု​ယူ​လော့။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​၏။ မ​ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​မူ​ကား ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ဖူး​ချေ။

12. ဒေ​မေ​တ​ရိ​အ​ကြောင်း​ကို လူ​အ​ပေါင်း​တို့​မှ​စ​၍ သမ္မာ​တ​ရား​ကိုယ်​တိုင်​က သက်​သေ​ခံ​၏။ ငါ​တို့​သည်​လည်း သက်​သေ​ခံ​ကြ​၏။ ငါ​တို့​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​ကြောင်း​ကို​လည်း သင်​သိ​၏။

13. သင့်​ထံ ငါ​ရေး​စ​ရာ​များ​စွာ​ရှိ​သော်​လည်း မင်​နှင့်​မင်​တံ​ဖြင့်​ငါ​မ​ရေး​လို​ပေ။

14. သင်​နှင့်​အ​လျင်​အ​မြန်​တွေ့​၍ မျက်​နှာ​ချင်း​ဆိုင်​စ​ကား​ပြော​ဆို​ရန် ငါ​မျှော်​လင့်​ထား​၏။

15. သင်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ မိတ်​ဆွေ​များ​သည် သင့်​ကို​နှုတ်​ဆက်​ကြ​၏။ မိတ်​ဆွေ​တို့​တစ်​ဦး​စီ​ကို နှုတ်​ဆက်​ပေး​လော့။