Myanmar Standard Bible

ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​တ​တိ​ယ​စောင် 1:1-7 Myanmar Standard Bible (MSB)

1. သက်​ကြီး​ဝါ​ကြီး​ဖြစ်​သော​ငါ​သည် သမ္မာ​တ​ရား​၌ ငါ​ချစ်​သည့် ချစ်​ရ​သော​ဂါ​ယု​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

2. ချစ်​ရ​သော​သူ၊ သင်​၏​စိတ်​ဝိ​ညာဉ်​ကြီး​ပွား​သ​ကဲ့​သို့ သင်​သည် အ​ရာ​ရာ​၌​ကြီး​ပွား​၍ ကျန်း​မာ​ပါ​စေ​ဟု ငါ​ဆု​တောင်း​၏။

3. သင်​သည် သမ္မာ​တ​ရား​၌ အ​သက်​ရှင်​လျှောက်​လှမ်း​နေ​သည့်​အ​လျောက် ညီ​အစ်​ကို​အ​ချို့​တို့​သည်​လာ​၍ သင်​၌​ရှိ​သော​သမ္မာ​တ​ရား​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ​သော​အ​ခါ ငါ​သည် အ​လွန်​ဝမ်း​မြောက်​၏။

4. ငါ့​သား​သ​မီး​တို့​သည် သမ္မာ​တ​ရား​၌​အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြောင်း​ကို ကြား​ရ​သည်​ထက် ဝမ်း​မြောက်​စ​ရာ​ကောင်း​သော​အ​ရာ​သည် ငါ​၌​မ​ရှိ။

5. ချစ်​ရ​သော​သူ၊ သင်​သည် ညီ​အစ်​ကို​များ​အ​ပေါ် အ​ထူး​သ​ဖြင့် သူ​စိမ်း​ဧည့်​သည်​များ​အ​ပေါ် ပြု​သ​မျှ​သော​ဝတ်​ကို သစ္စာ​ရှိ​စွာ​ပြု​တတ်​၏။

6. ထို​သူ​တို့​သည် သင်​၏​ချစ်​ခြင်း​မေတ္တာ​အ​ကြောင်း​ကို အ​သင်း​တော်​ရှေ့​၌ သက်​သေ​ခံ​ကြ​၏။ သင်​သည် ထို​သူ​တို့​ကို ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ဆက်​လက်​ပို့​ဆောင်​ပေး​လျှင် ကောင်း​သော​အ​မှု​ပြု​ခြင်း​ဖြစ်​လိမ့်​မည်။

7. ထို​သူ​တို့​သည် သာ​သ​နာ​ပ​လူ​မျိုး​ခြား​တို့​ထံ​မှ မည်​သည့်​အ​ရာ​ကို​မျှ​မ​ယူ​ဘဲ နာ​မ​တော်​အ​တွက်​ခ​ရီး​ပြု​ကြ​၏။