34. ဂျူးလူမျိုးတို့ကလည်း “သင်သည် တစ်ကိုယ်လုံးအပြစ်နှင့်ပြည့်နှက်ပြီး မွေးဖွားလာသူဖြစ်လျက်နှင့် ငါတို့ကိုသွန်သင်မည်လော”ဟု ပြန်၍ပြောဆိုကာ သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြ၏။
35. ဂျူးလူမျိုးတို့သည် သူ့ကို အပြင်သို့နှင်ထုတ်လိုက်ကြောင်း ယေရှုကြားတော်မူ၍ သူ့ကိုတွေ့ရှိလျှင် “သင်သည် လူ့သားကိုယုံကြည်သလော”ဟု မေးတော်မူ၏။
36. သူကလည်း “သခင်ဘုရား၊ သူ့ကိုယုံကြည်နိုင်ရန် ထိုသူမည်သူဖြစ်သည်ကို သိလိုပါ၏”ဟု ပြန်လျှောက်လေ၏။
37. ယေရှုက “သင်သည် သူ့ကိုမြင်ပြီးသည်သာမက ယခုသင်နှင့်စကားပြောနေသောသူသည် လူ့သားပင်ဖြစ်၏”ဟု မိန့်တော်မူ၏။
38. ထိုသူကလည်း “အကျွန်ုပ်ယုံကြည်ပါ၏ သခင်ဘုရား”ဟု လျှောက်လျက် ကိုယ်တော်ကိုရှိခိုးလေ၏။
39. ထိုအခါ ယေရှုက “ငါသည် မမြင်သောသူတို့ကိုမြင်စေ၍ မြင်နေသောသူတို့ကို မျက်မမြင်ဖြစ်စေမည့်အကြောင်း တရားစီရင်ခြင်းအတွက် ဤလောကသို့ကြွလာ၏”ဟု မိန့်တော်မူ၏။
40. ကိုယ်တော်နှင့်အတူရှိနေသော ဖာရိရှဲအချို့တို့သည် ထိုစကားကိုကြားလျှင် “အကျွန်ုပ်တို့သည်လည်း မျက်မမြင်များဖြစ်ကြသလော”ဟု မေးလျှောက်ကြ၏။
41. ယေရှုကလည်း “သင်တို့သည် မျက်မမြင်များဖြစ်ခဲ့ကြလျှင် သင်တို့၌အပြစ်ရှိခဲ့မည်မဟုတ်။ သို့ရာတွင် ‘ငါတို့မြင်သည်’ဟု သင်တို့ယခုဆိုနေကြ၍ သင်တို့၏အပြစ်သည် တည်မြဲတည်၏။