Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9:31-41 Myanmar Standard Bible (MSB)

31. ဘု​ရား​သ​ခင်​သည် အ​ပြစ်​သား​တို့​ကို​နား​ညောင်း​တော်​မ​မူ။ သို့​သော် မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​ကို​ရို​သေ​လေး​မြတ်​၍ အ​လို​တော်​ကို​ဆောင်​ရွက်​လျှင် ထို​သူ​ကို​ဘု​ရား​သ​ခင်​နား​ညောင်း​တော်​မူ​ကြောင်း အ​ကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။

32. မွေး​ရာ​ပါ​မျက်​မ​မြင်​ဖြစ်​သော​သူ​ကို တစ်​စုံ​တစ်​ယောက်​က မျက်​စိ​မြင်​စေ​ခဲ့​သည်​ဟူ​သော​အ​ကြောင်း​ကို ကမ္ဘာ​ဦး​မှ​စ​၍ မ​ကြား​ခဲ့​ဖူး​ပါ။

33. ထို​သူ​သည် ဘု​ရား​သ​ခင်​ထံ​မှ​လာ​သော​သူ​မ​ဟုတ်​လျှင် မည်​သည့်​အ​ရာ​ကို​မျှ ပြု​နိုင်​ခဲ့​မည်​မ​ဟုတ်”​ဟု ဆို​၏

34. ဂျူး​လူ​မျိုး​တို့​က​လည်း “သင်​သည် တစ်​ကိုယ်​လုံး​အ​ပြစ်​နှင့်​ပြည့်​နှက်​ပြီး မွေး​ဖွား​လာ​သူ​ဖြစ်​လျက်​နှင့် ငါ​တို့​ကို​သွန်​သင်​မည်​လော”​ဟု ပြန်​၍​ပြော​ဆို​ကာ သူ့​ကို အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြ​၏။

35. ဂျူး​လူ​မျိုး​တို့​သည် သူ့​ကို အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြောင်း ယေ​ရှု​ကြား​တော်​မူ​၍ သူ့​ကို​တွေ့​ရှိ​လျှင် “သင်​သည် လူ့​သား​ကို​ယုံ​ကြည်​သ​လော”​ဟု မေး​တော်​မူ​၏။

36. သူ​က​လည်း “သ​ခင်​ဘု​ရား၊ သူ့​ကို​ယုံ​ကြည်​နိုင်​ရန် ထို​သူ​မည်​သူ​ဖြစ်​သည်​ကို သိ​လို​ပါ​၏”​ဟု ပြန်​လျှောက်​လေ​၏။

37. ယေ​ရှု​က “သင်​သည် သူ့​ကို​မြင်​ပြီး​သည်​သာ​မ​က ယ​ခု​သင်​နှင့်​စ​ကား​ပြော​နေ​သော​သူ​သည် လူ့​သား​ပင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

38. ထို​သူ​က​လည်း “အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏ သ​ခင်​ဘု​ရား”​ဟု လျှောက်​လျက် ကိုယ်​တော်​ကို​ရှိ​ခိုး​လေ​၏။

39. ထို​အ​ခါ ယေ​ရှု​က “ငါ​သည် မ​မြင်​သော​သူ​တို့​ကို​မြင်​စေ​၍ မြင်​နေ​သော​သူ​တို့​ကို မျက်​မ​မြင်​ဖြစ်​စေ​မည့်​အ​ကြောင်း တ​ရား​စီ​ရင်​ခြင်း​အ​တွက် ဤ​လော​က​သို့​ကြွ​လာ​၏”​ဟု မိန့်​တော်​မူ​၏။

40. ကိုယ်​တော်​နှင့်​အ​တူ​ရှိ​နေ​သော ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် “အ​ကျွန်ုပ်​တို့​သည်​လည်း မျက်​မ​မြင်​များ​ဖြစ်​ကြ​သ​လော”​ဟု မေး​လျှောက်​ကြ​၏။

41. ယေ​ရှု​က​လည်း “သင်​တို့​သည် မျက်​မ​မြင်​များ​ဖြစ်​ခဲ့​ကြ​လျှင် သင်​တို့​၌​အ​ပြစ်​ရှိ​ခဲ့​မည်​မ​ဟုတ်။ သို့​ရာ​တွင် ‘ငါ​တို့​မြင်​သည်’​ဟု သင်​တို့​ယ​ခု​ဆို​နေ​ကြ​၍ သင်​တို့​၏​အ​ပြစ်​သည် တည်​မြဲ​တည်​၏။