Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 9:1-6 Myanmar Standard Bible (MSB)

1. ယေ​ရှု​သည် လမ်း​၌​ကြွ​တော်​မူ​စဉ် မွေး​ရာ​ပါ​မျက်​မ​မြင်​တစ်​ဦး​ကို တွေ့​တော်​မူ​၏။

2. ထို​အ​ခါ တ​ပည့်​တော်​တို့​က “ရဗ္ဗိ၊ မည်​သူ​က အ​ပြစ်​ပြု​သော​ကြောင့် ဤ​သူ​သည် မျက်​မ​မြင်​အ​ဖြစ်​မွေး​လာ​ရ​သ​နည်း။ သူ​ကိုယ်​တိုင်​လော သို့​မ​ဟုတ် သူ​၏​မိ​ဘ​လော”​ဟု ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

3. ယေ​ရှု​က “ဤ​သူ​အ​ပြစ်​ပြု​သော​ကြောင့်​မ​ဟုတ်၊ သူ့​မိ​ဘ​က​အ​ပြစ်​ပြု​သော​ကြောင့်​လည်း​မ​ဟုတ်။ သူ​၌ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​များ​ထင်​ရှား​စေ​ရန်​အ​တွက်​သာ​ဖြစ်​၏။

4. ငါ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​မှု​တော်​များ​ကို နေ့​အ​ချိန်​ရှိ​စဉ် လုပ်​ဆောင်​ရ​မည်။ မည်​သူ​မျှ​အ​လုပ်​မ​လုပ်​နိုင်​သော ည​အ​ချိန်​ရောက်​လာ​လိမ့်​မည်။

5. ငါ​သည် ဤ​လော​က​၌​ရှိ​နေ​စဉ် ဤ​လော​က​၏​အ​လင်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

6. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် မြေ​ပေါ်​သို့​တံ​တွေး​ထွေး​၍ တံ​တွေး​နှင့်​ရွှံ့​လုပ်​ပြီး​လျှင် မျက်​မ​မြင်​၏​မျက်​စိ​ကို ထို​ရွှံ့​နှင့်​လူး​လျက်