Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:47-49 Myanmar Standard Bible (MSB)

47. ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​စ​ကား​တော်​တို့​ကို​နား​ထောင်​၏။ သင်​တို့​နား​မ​ထောင်​ကြ​ခြင်း​မှာ သင်​တို့​သည် ဘု​ရား​သ​ခင်​နှင့်​မ​စပ်​ဆိုင်​ကြ​သော​ကြောင့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

48. ဂျူး​လူ​မျိုး​တို့​က​လည်း “သင်​သည် ရှ​မာ​ရိ​နယ်​သား​ဖြစ်​ပြီး သင့်​ကို​နတ်​ဆိုး​ပူး​နေ​သည်​ဟူ​၍ ငါ​တို့​ပြော​ကြ​သည်​မှာ လျောက်​ပတ်​သည်​မ​ဟုတ်​လော”​ဟု ပြန်​ပြော​ကြ​၏။

49. ယေ​ရှု​က “ငါ့​ကို​နတ်​ဆိုး​ပူး​နေ​သည်​မ​ဟုတ်။ ငါ​သည် ငါ့​ခ​မည်း​တော်​ကို​ရို​သေ​၏။ သင်​တို့​မူ​ကား ငါ့​ကို​မ​ထီ​လေး​စား​ပြု​ကြ​၏။