43. ဤသို့ဖြင့် လူထုပရိသတ်ထဲတွင် ကိုယ်တော်ကြောင့် ကွဲပြားခြင်းရှိကြ၏။
44. သူတို့ထဲမှ အချို့တို့သည် ကိုယ်တော်ကိုဖမ်းဆီးလိုကြသော်လည်း မည်သူမျှ ကိုယ်တော်ကိုမဖမ်းဆီးကြချေ။
45. ထို့နောက် အစောင့်တပ်သားတို့သည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲတို့ထံသို့ ပြန်လာကြရာ ထိုအကြီးအကဲတို့က “အဘယ်ကြောင့် သူ့ကိုမခေါ်ဆောင်လာကြသနည်း”ဟု မေးမြန်းကြ၏။
46. အစောင့်တပ်သားတို့က “ထိုသူကဲ့သို့ မည်သူမျှမဟောပြောခဲ့ဖူးပါ”ဟု ပြန်လျှောက်ကြ၏။
47. ဖာရိရှဲတို့ကလည်း “သင်တို့ပင်လျှင် လှည့်ဖြားခံရကြပြီလော။
48. အကြီးအကဲများနှင့်ဖာရိရှဲတို့တွင် သူ့ကိုယုံကြည်ခဲ့သူတစ်စုံတစ်ဦးပင်ရှိသလော။
49. သို့သော် ပညတ်တရားကိုမသိသော ဤလူထုပရိသတ်သည် ကျိန်ခြင်းကိုခံရသူများဖြစ်ကြပါသည်တကား”ဟု ဆိုကြ၏။
50. ထိုသူတို့ထဲမှတစ်ဦးဖြစ်ပြီး ယခင်ကကိုယ်တော်ထံသို့လာခဲ့ဖူးသော နိကောဒင်က
51. “ငါတို့၏ပညတ်တရားသည် လူတစ်ဦးကို သူ့ထံမှ ဦးစွာကြားနာခြင်းမရှိ၊ သူပြုနေသောအမှုအရာကိုလည်းမသိဘဲ စီရင်ပါမည်လော”ဟု ဆိုလျှင်
52. သူတို့က “သင်သည်လည်း ဂါလိလဲနယ်သားဖြစ်သလော။ ဂါလိလဲနယ်မှ ပရောဖက် မပေါ်ထွန်းကြောင်းကို စူးစမ်းလေ့လာ၍ သိမှတ်လော့”ဟု ဆိုကြ၏။
53. [ထို့နောက် သူတို့သည် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြ၏။