Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:6-21 Myanmar Standard Bible (MSB)

6. ဤ​သည်​ကား ဖိ​လိပ္ပု​ကို​စမ်း​သပ်​လို​၍ မေး​တော်​မူ​ခြင်း​သာ​ဖြစ်​ပြီး မိ​မိ​မည်​သို့​ပြု​မည်​ကို သိ​နှင့်​ပြီ​ဖြစ်​၏။

7. ဖိ​လိပ္ပု​က​လည်း “သူ​တို့​ကို တစ်​ယောက်​တစ်​ဖဲ့​စီ​ပေး​သည့်​တိုင် ဒေ​နာ​ရိ​နှစ်​ရာ​ဖိုး​ထိုက်​သော​မုန့်​ရှိ​လျှင်​လည်း လုံ​လောက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။

8. တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သူ ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ​က

9. “ဤ​နေ​ရာ​တွင် မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သို့​သော် ဤ​မျှ​လောက်​များ​ပြား​သော​သူ​တို့​အ​တွက် ထို​မုန့်​နှင့်​ငါး​တို့​သည် မည်​သို့​အ​ကျိုး​ထူး​မည်​နည်း”​ဟု လျှောက်​လေ​၏။

10. ယေ​ရှု​က “လူ​တို့​ကို​ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ (ထို​နေ​ရာ​၌ မြက်​ပင်​ထူ​ထပ်​လျက်​ရှိ​၏။) သို့​ဖြစ်​၍ အ​ရေ​အ​တွက်​အား​ဖြင့် ငါး​ထောင်​ခန့်​ရှိ​သော​ယောက်ျား​တို့​သည် ထိုင်​ကြ​၏။

11. ထို​အ​ခါ ယေ​ရှု​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​မှ ထိုင်​နေ​သော​သူ​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။ ထို​နည်း​တူ ငါး​ကို​လည်း သူ​တို့​အ​လို​ရှိ​သ​လောက် ခွဲ​ဝေ​ပေး​တော်​မူ​၏။

12. ထို​သူ​တို့​သည် ဝ​လင်​စွာ​စား​ကြ​ပြီး​သော​အ​ခါ ယေ​ရှု​က တ​ပည့်​တော်​တို့​အား “တစ်​စုံ​တစ်​ခု​မျှ အ​လ​ဟဿ​မ​ဖြစ်​စေ​ရန် ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

13. တ​ပည့်​တော်​တို့​သည်​လည်း ကောက်​သိမ်း​ကြ​ရာ လူ​တို့​စား​ခဲ့​သော​မု​ယော​မုန့်​ငါး​လုံး​မှ ကြွင်း​ကျန်​သည့်​အ​ကျိုး​အ​ပဲ့​များ​ကို တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။

14. လူ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော ထို​နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​၍ “ဤ​သူ​သည် အ​မှန်​ပင် ဤ​လော​က​သို့​ကြွ​လာ​ရ​မည့် ထို​ပ​ရော​ဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

15. လူ​တို့​သည်​လာ​၍ မိ​မိ​ကို​အ​တင်း​ခေါ်​ဆောင်​သွား​ပြီး မင်း​မြှောက်​ရန် ကြံ​ရွယ်​နေ​ကြ​သည်​ကို ယေ​ရှု​သိ​တော်​မူ​သ​ဖြင့် တစ်​ဖန် တောင်​ပေါ်​သို့ တစ်​ကိုယ်​တည်း​ထွက်​သွား​တော်​မူ​၏။

16. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ပင်​လယ်​သို့​ဆင်း​သွား​၍

17. လှေ​ပေါ်​တက်​ပြီး​လျှင် ပင်​လယ်​တစ်​ဖက်​ကမ်း​ရှိ က​ပေ​ရ​နောင်​မြို့​သို့ ကူး​သွား​ကြ​၏။ မိုး​ချုပ်​ပြီ​ဖြစ်​သော်​လည်း ယေ​ရှု​သည် သူ​တို့​ထံ​သို့​မ​ရောက်​လာ​သေး။

18. ပင်​လယ်​၌​လည်း လေ​ပြင်း​တိုက်​လျက်​နေ​သ​ဖြင့် လှိုင်း​တံ​ပိုး​များ​ထ​လာ​၏။

19. သုံး​လေး​မိုင်​ခန့်​လှော်​ခတ်​ပြီး​သော​အ​ခါ ပင်​လယ်​ပေါ်​တွင် ယေ​ရှု​လမ်း​လျှောက်​လျက် လှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​သည်​ကို တ​ပည့်​တော်​တို့​မြင်​၍ ကြောက်​ရွံ့​ကြ​၏။

20. သို့​သော် ကိုယ်​တော်​က “မ​ကြောက်​ကြ​နှင့်၊ ငါ​ပင်​ဖြစ်​သည်”​ဟု မိန့်​တော်​မူ​၏။

21. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အား​ရ​ဝမ်း​မြောက်​လျက် ကိုယ်​တော်​ကို လှေ​ပေါ်​သို့​ခေါ်​ဖိတ်​လက်​ခံ​ကြ​ရာ လှေ​သည် သူ​တို့​သွား​ရန်​ရည်​ရွယ်​ထား​သည့်​အ​ရပ်​သို့ ချက်​ချင်း​ရောက်​လေ​၏။