Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:44-58 Myanmar Standard Bible (MSB)

44. ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ငင်​တော်​မ​မူ​လျှင် မည်​သူ​မျှ ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့​၌ ငါ​သည်​ထ​မြောက်​စေ​မည်။

45. ပ​ရော​ဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်​မည်’​ဟု ရေး​ထား​သည်​ဖြစ်​၍ ခ​မည်း​တော်​ထံ​၌ ကြား​နာ​ပြီး နည်း​ခံ​သော​သူ​တိုင်း​သည် ငါ့​ထံ​သို့​လာ​ကြ​၏။

46. ထို​သို့​ဆို​သော် တစ်​စုံ​တစ်​ယောက်​က ခ​မည်း​တော်​ကို​မြင်​ခဲ့​ပြီ​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော​သူ​တစ်​ဦး​တည်း​သာ​လျှင် ခ​မည်း​တော်​ကို​မြင်​ခဲ့​၏။

47. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​၏။

48. ငါ​သည် အ​သက်​မုန့်​ဖြစ်​၏။

49. သင်​တို့​၏​ဘိုး​ဘေး​များ​သည် တော​ကန္တာ​ရ​၌ မန္န​ကို​စား​ခဲ့​ပြီး သေ​ဆုံး​သွား​ကြ​၏။

50. ဤ​မုန့်​ကား စား​သုံး​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်​မည့်​အ​ကြောင်း ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်​၏။

51. ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သည့် အ​သက်​ရှင်​သော​မုန့်​ဖြစ်​၏။ မည်​သူ​မ​ဆို ဤ​မုန့်​ကို​စား​လျှင် ကာ​လ​အ​စဉ်​အ​ဆက်​အ​သက်​ရှင်​မည်။ ငါ​ပေး​မည့်​မုန့်​ကား လော​ကီ​သား​တို့​၏​အ​သက်​အ​တွက် ငါ​စွန့်​သော​ငါ​၏​အ​သား​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

52. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “ဤ​သူ​သည် သူ့​အ​သား​ကို ငါ​တို့​စား​ရန် မည်​သို့​ပေး​နိုင်​မည်​နည်း”​ဟု အ​ချင်း​ချင်း​ငြင်း​ခုံ​ပြော​ဆို​ကြ​၏။

53. ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ လူ့​သား​၏​အ​သား​ကို​မ​စား၊ သူ​၏​သွေး​ကို​မ​သောက်​လျှင် သင်​တို့​၌​အ​သက်​မ​ရှိ။

54. ငါ​၏​အ​သား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​၏။ ငါ​သည် ထို​သူ​ကို နောက်​ဆုံး​သော​နေ့​၌ ထ​မြောက်​စေ​မည်။

55. အ​ကြောင်း​မူ​ကား ငါ​၏​အ​သား​သည် စစ်​မှန်​သော​စား​စ​ရာ​ဖြစ်​ပြီး ငါ​၏​သွေး​သည် စစ်​မှန်​သော​သောက်​စ​ရာ​ဖြစ်​၏။

56. ငါ​၏​အ​သား​ကို​စား​၍ ငါ​၏​သွေး​ကို​သောက်​သော​သူ​သည် ငါ​၌​တည်​၏။ ငါ​သည်​လည်း ထို​သူ​၌​တည်​၏။

57. အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​၍ ငါ​သည် ခ​မည်း​တော်​အား​ဖြင့် အ​သက်​ရှင်​သ​ကဲ့​သို့ ငါ့​ကို​စား​သော​သူ​သည်​လည်း ငါ့​အား​ဖြင့် အ​သက်​ရှင်​မည်။

58. ဤ​မုန့်​ကား ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​ပြီး သေ​ဆုံး​သွား​ရ​သည့်​မုန့်​မျိုး​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် ကာ​လ​အ​စဉ်​အ​ဆက်​အ​သက်​ရှင်​မည်”​ဟု မိန့်​တော်​မူ​၏။