Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:12-27 Myanmar Standard Bible (MSB)

12. ထို​သူ​တို့​သည် ဝ​လင်​စွာ​စား​ကြ​ပြီး​သော​အ​ခါ ယေ​ရှု​က တ​ပည့်​တော်​တို့​အား “တစ်​စုံ​တစ်​ခု​မျှ အ​လ​ဟဿ​မ​ဖြစ်​စေ​ရန် ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။

13. တ​ပည့်​တော်​တို့​သည်​လည်း ကောက်​သိမ်း​ကြ​ရာ လူ​တို့​စား​ခဲ့​သော​မု​ယော​မုန့်​ငါး​လုံး​မှ ကြွင်း​ကျန်​သည့်​အ​ကျိုး​အ​ပဲ့​များ​ကို တစ်​ဆယ့်​နှစ်​တောင်း​အ​ပြည့်​ရ​ကြ​၏။

14. လူ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော ထို​နိ​မိတ်​လက္ခ​ဏာ​ကို​မြင်​၍ “ဤ​သူ​သည် အ​မှန်​ပင် ဤ​လော​က​သို့​ကြွ​လာ​ရ​မည့် ထို​ပ​ရော​ဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

15. လူ​တို့​သည်​လာ​၍ မိ​မိ​ကို​အ​တင်း​ခေါ်​ဆောင်​သွား​ပြီး မင်း​မြှောက်​ရန် ကြံ​ရွယ်​နေ​ကြ​သည်​ကို ယေ​ရှု​သိ​တော်​မူ​သ​ဖြင့် တစ်​ဖန် တောင်​ပေါ်​သို့ တစ်​ကိုယ်​တည်း​ထွက်​သွား​တော်​မူ​၏။

16. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ပင်​လယ်​သို့​ဆင်း​သွား​၍

17. လှေ​ပေါ်​တက်​ပြီး​လျှင် ပင်​လယ်​တစ်​ဖက်​ကမ်း​ရှိ က​ပေ​ရ​နောင်​မြို့​သို့ ကူး​သွား​ကြ​၏။ မိုး​ချုပ်​ပြီ​ဖြစ်​သော်​လည်း ယေ​ရှု​သည် သူ​တို့​ထံ​သို့​မ​ရောက်​လာ​သေး။

18. ပင်​လယ်​၌​လည်း လေ​ပြင်း​တိုက်​လျက်​နေ​သ​ဖြင့် လှိုင်း​တံ​ပိုး​များ​ထ​လာ​၏။

19. သုံး​လေး​မိုင်​ခန့်​လှော်​ခတ်​ပြီး​သော​အ​ခါ ပင်​လယ်​ပေါ်​တွင် ယေ​ရှု​လမ်း​လျှောက်​လျက် လှေ​အ​နီး​သို့​ချဉ်း​ကပ်​လာ​သည်​ကို တ​ပည့်​တော်​တို့​မြင်​၍ ကြောက်​ရွံ့​ကြ​၏။

20. သို့​သော် ကိုယ်​တော်​က “မ​ကြောက်​ကြ​နှင့်၊ ငါ​ပင်​ဖြစ်​သည်”​ဟု မိန့်​တော်​မူ​၏။

21. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အား​ရ​ဝမ်း​မြောက်​လျက် ကိုယ်​တော်​ကို လှေ​ပေါ်​သို့​ခေါ်​ဖိတ်​လက်​ခံ​ကြ​ရာ လှေ​သည် သူ​တို့​သွား​ရန်​ရည်​ရွယ်​ထား​သည့်​အ​ရပ်​သို့ ချက်​ချင်း​ရောက်​လေ​၏။

22. နောက်​တစ်​နေ့​၌ ပင်​လယ်​တစ်​ဖက်​ကမ်း​တွင် နေ​ရစ်​သော​လူ​ထု​ပ​ရိ​သတ်​သည် ထို​အ​ရပ်​၌ လှေ​ငယ်​တစ်​စင်း​မှ​လွဲ​၍ အ​ခြား​လှေ​မ​ရှိ​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ ထို​လှေ​၌ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ​မ​လိုက်​မ​ပါ​ဘဲ တ​ပည့်​တော်​တို့​သာ ထွက်​သွား​ခဲ့​ကြောင်း​ကို​လည်း​ကောင်း သ​တိ​ပြု​မိ​ကြ​၏။

23. သို့​သော် တိ​ဗေ​ရိ​မြို့​မှ အ​ခြား​လှေ​ငယ်​များ​သည် သ​ခင်​ဘု​ရား​ကျေး​ဇူး​တော်​ချီး​မွမ်း​၍ လူ​များ​မုန့်​ကို​စား​ခဲ့​ရာ​အ​ရပ်​အ​နီး​သို့ ရောက်​လာ​ကြ​သော​အ​ခါ

24. လူ​ထု​ပ​ရိ​သတ်​သည် ထို​အ​ရပ်​၌ ယေ​ရှု​မှ​စ​၍​တ​ပည့်​တော်​တို့​ပါ မ​ရှိ​ကြောင်း​ကို​သိ​မြင်​သ​ဖြင့် ထို​လှေ​ငယ်​များ​ပေါ်​တက်​ပြီး​လျှင် ယေ​ရှု​ကို​ရှာ​ရန် က​ပေ​ရ​နောင်​မြို့​သို့​သွား​ကြ​၏။

25. ပင်​လယ်​တစ်​ဖက်​ကမ်း​တွင် ကိုယ်​တော်​ကို​တွေ့​ကြ​သော​အ​ခါ သူ​တို့​က “ရဗ္ဗိ၊ ဤ​အ​ရပ်​သို့ မည်​သည့်​အ​ချိန်​က ကြွ​ရောက်​တော်​မူ​သ​နည်း”​ဟု မေး​လျှောက်​ကြ​၏။

26. ယေ​ရှု​က​လည်း “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သင်​တို့​ငါ့​ကို​ရှာ​ကြ​သည်​မှာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​မြင်​ရ​သော​ကြောင့်​မ​ဟုတ်။ မုန့်​ကို​စား​၍​ဝ​သော​ကြောင့်​သာ​ဖြစ်​၏။

27. ပျက်​စီး​တတ်​သော​အ​စား​အ​စာ​အ​တွက်​မ​ဟုတ်​ဘဲ လူ့​သား​သည် သင်​တို့​ကို​ပေး​မည့် ထာ​ဝ​ရ​အ​သက်​တိုင်​အောင်​တည်​မြဲ​သော​အ​စား​အ​စာ​အ​တွက် လုပ်​ဆောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား ခ​မည်း​တော်​ဘု​ရား​သည် ထို​လူ့​သား​ကို တံ​ဆိပ်​ခတ်​နှိပ်​တော်​မူ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။