Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:1-3 Myanmar Standard Bible (MSB)

1. ထို့​နောက် ယေ​ရှု​သည် ဂါ​လိ​လဲ​ပင်​လယ် (တိ​ဗေ​ရိ​ပင်​လယ်) တစ်​ဖက်​ကမ်း​သို့ ကူး​တော်​မူ​၏။

2. များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည်​လည်း နာ​မ​ကျန်း​ဖြစ်​သူ​တို့​အ​ပေါ်​၌ ပြု​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​မြင်​၍ နောက်​တော်​သို့​လိုက်​ကြ​၏။

3. ယေ​ရှု​သည် တောင်​ပေါ်​သို့​တက်​သွား​၍ ထို​အ​ရပ်​၌ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။