Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5:22-23-33 Myanmar Standard Bible (MSB)

22-23. လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို​ရို​သေ​သ​ကဲ့​သို့ သား​တော်​ကို​ရို​သေ​ကြ​ရန် ခ​မည်း​တော်​သည် မည်​သူ့​ကို​မျှ​တ​ရား​စီ​ရင်​တော်​မ​မူ​ဘဲ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ရှိ​သ​မျှ​ကို သား​တော်​အား​ပေး​အပ်​တော်​မူ​ပြီ​။ သား​တော်​ကို​မ​ရို​သေ​သော​သူ​သည် သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို​မ​ရို​သေ​။

24. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​သည်​ဖြစ်​၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ​ဘဲ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကူး​ပြောင်း​ပြီ​ဖြစ်​၏။

25. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်​၏​အ​သံ​ကို​ကြား​၍ ကြား​သော​သူ​တို့​သည် အ​သက်​ရှင်​မည့်​အ​ချိန်​ရောက်​လာ​မည်​ဖြစ်​ရာ ယ​ခု​ပင်​ရောက်​လာ​လေ​ပြီ။

26. အ​ကြောင်း​မူ​ကား ခ​မည်း​တော်​သည် မိ​မိ​၌​အ​သက်​ကို​ပိုင်​ဆိုင်​တော်​မူ​သည်​နည်း​တူ သား​တော်​အား​လည်း မိ​မိ​၌​အ​သက်​ကို​ပိုင်​ဆိုင်​ခွင့်​ပေး​တော်​မူ​၏။

27. သား​တော်​သည် လူ့​သား​ဖြစ်​သော​ကြောင့် ခ​မည်း​တော်​သည် တ​ရား​စီ​ရင်​ပိုင်​ခွင့်​ကို​လည်း သား​တော်​အား​ပေး​အပ်​တော်​မူ​ပြီ။

28. ဤ​အ​မှု​အ​ရာ​ကို အံ့​သြ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​၌​ရှိ​သော​သူ​အ​ပေါင်း​တို့​သည် သား​တော်​၏​အ​သံ​ကို​ကြား​၍

29. ထွက်​လာ​မည့်​အ​ချိန်​ရောက်​လာ​လိမ့်​မည်။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း၊ ဆိုး​ညစ်​သော​အ​မှု​ကို​ပြု​ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့်​ဆိုင်​သော​ရှင်​ပြန်​ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း အ​သီး​သီး​ထွက်​လာ​ကြ​လိမ့်​မည်။

30. ငါ​သည် ကိုယ့်​ဆန္ဒ​အ​လျောက် မည်​သည့်​အ​ရာ​ကို​မျှ​မ​ပြု​နိုင်။ ငါ​သည် ကြား​ရ​သည့်​အ​တိုင်း​သာ တ​ရား​စီ​ရင်​၍ ကိုယ့်​အ​လို​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​သော​ကြောင့် ငါ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​သည် ဖြောင့်​မတ်​၏။

31. ငါ​သည် ကိုယ့်​အ​ကြောင်း​ကို​သက်​သေ​ခံ​လျှင် ငါ​၏​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​မှု​မ​ရှိ။

32. ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သည့် အ​ခြား​သော​အ​ရှင်​တစ်​ပါး​ရှိ​၏။ ထို​အ​ရှင်​ပေး​သည့် ငါ​နှင့်​ပတ်​သက်​သော​သက်​သေ​ခံ​ချက်​သည် မှန်​ကန်​ကြောင်း​ကို ငါ​သိ​၏။

33. သင်​တို့​သည် ယော​ဟန်​ထံ​သို့ လူ​ကို​စေ​လွှတ်​ကြ​ရာ သူ​သည် သမ္မာ​တ​ရား​ဘက်​၌​သက်​သေ​ခံ​ခဲ့​၏။