Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5:1-14 Myanmar Standard Bible (MSB)

1. ထို့​နောက် ဂျူး​လူ​မျိုး​တို့​၏​ပွဲ​တော်​ရှိ​သ​ဖြင့် ယေ​ရှု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​တက်​သွား​တော်​မူ​၏။

2. ဂျေ​ရု​ဆ​လင်​မြို့​၌ သိုး​တံ​ခါး​အ​နီး​တွင် ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​ဟု​ခေါ်​သည့် မုခ်​ဆောင်​ငါး​ဆောင်​ရှိ​သော​ရေ​ကန်​တစ်​ကန်​ရှိ​၏။

3. ထို​မုခ်​ဆောင်​တို့​၌ မျက်​မ​မြင်​များ၊ ခြေ​မ​သန်​စွမ်း​သူ​များ၊ အ​ကြော​သေ​ချည့်​နဲ့​သူ​များ​နှင့် နာ​မ​ကျန်း​ဖြစ်​သူ​အ​မြောက်​အ​မြား​တို့​သည် လဲ​လျောင်း​နေ​ကြ​၏။ [သူ​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို စောင့်​မျှော်​နေ​ခြင်း​ဖြစ်​၏။

4. အ​ကြောင်း​မှာ ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့ တစ်​ခါ​တစ်​ရံ​ဆင်း​လာ​ပြီး ရေ​ကို​လှုပ်​ရှား​စေ​တတ်​၏။ ထို​သို့ ရေ​လှုပ်​ရှား​သည့်​နောက် ရေ​ထဲ​သို့ အ​ဦး​ဆုံး​ဆင်း​သော​သူ​သည် မည်​သည့်​ရော​ဂါ​စွဲ​ကပ်​နေ​သည်​ဖြစ်​စေ ရော​ဂါ​ပျောက်​ကင်း​တတ်​၏။]

5. ထို​နေ​ရာ​တွင် သုံး​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး နာ​မ​ကျန်း​ဖြစ်​သူ​တစ်​ဦး​ရှိ​၏။

6. ထို​သူ​လဲ​လျောင်း​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ​၍ ကာ​လ​ကြာ​မြင့်​စွာ​ခံ​စား​နေ​ရ​သော​အ​ဖြစ်​ကို​သိ​သ​ဖြင့် “သင်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လို​သ​လော”​ဟု မေး​တော်​မူ​၏။

7. နာ​မ​ကျန်း​ဖြစ်​သူ​က “သ​ခင်​ဘု​ရား၊ ရေ​လှုပ်​ရှား​သော​အ​ခါ အ​ကျွန်ုပ်​ကို ရေ​ကန်​ထဲ​သို့​ချ​ပေး​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​ဆင်း​သွား​မည်​ပြု​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ထက် အ​လျင်​ဦး​စွာ​ဆင်း​သွား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

8. ယေ​ရှု​က​လည်း “ထ​လော့။ သင့်​အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့”​ဟု မိန့်​တော်​မူ​လျှင်

9. ထို​သူ​သည် ချက်​ချင်း​အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​၍ မိ​မိ​၏​အိပ်​ရာ​ကို​ဆောင်​ယူ​လျက် လမ်း​လျှောက်​လေ​၏။ ထို​နေ့​ကား ဥ​ပုသ်​နေ့​ဖြစ်​၏။

10. သို့​ဖြစ်​၍ ဂျူး​လူ​မျိုး​တို့​က “ယ​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်​၏။ သင်​သည် ကိုယ့်​အိပ်​ရာ​ကို​ဆောင်​ယူ​ခြင်း​မှာ တ​ရား​တော်​နှင့်​မ​ညီ”​ဟု ရော​ဂါ​ပျောက်​ကင်း​သော​ထို​သူ​အား ပြော​ဆို​ကြ​၏။

11. ထို​သူ​က​လည်း “အ​ကျွန်ုပ်​ကို​အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​သော​သူ​က ‘သင့်​အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ခဲ့​သည်”​ဟု ပြန်​ပြော​လေ​၏။

12. ဂျူး​လူ​မျိုး​တို့​က​လည်း “‘အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့’​ဟု သင့်​အား​ဆို​သူ​ကား မည်​သူ​နည်း”​ဟု မေး​မြန်း​ကြ​၏။

13. သို့​ရာ​တွင် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သော​သူ​သည် ထို​သို့​မိန့်​တော်​မူ​သော​သူ​မှာ မည်​သူ​ဖြစ်​သည်​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​အ​ရပ်​၌ လူ​အ​စု​အ​ဝေး​ရှိ​နေ​စဉ် ယေ​ရှု​သည် မ​ထင်​မ​ရှား​ထွက်​သွား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

14. ထို့​နောက် ယေ​ရှု​သည် ထို​သူ​ကို ဗိ​မာန်​တော်​၌​တွေ့​၍ “ကြည့်​လော့။ သင်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လေ​ပြီ။ နောက်​တစ်​ဖန်​အ​ပြစ်​မ​ပြု​နှင့်။ သို့​မ​ဟုတ်​လျှင် ပို​၍​ဆိုး​ရွား​သော​အ​ရာ​သည် သင့်​အ​ပေါ် သက်​ရောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။