Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:1-10 Myanmar Standard Bible (MSB)

1. ယေ​ရှု​သည် ယော​ဟန်​ထက် ပို​၍​များ​သော​သူ​တို့​ကို​တ​ပည့်​တော်​ဖြစ်​စေ​၍ ဗတ္တိ​ဇံ​ပေး​နေ​သည်​ဟု ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြောင်း ယေ​ရှု​သိ​တော်​မူ​သော​အ​ခါ

2. (အ​မှန်​အား​ဖြင့် ယေ​ရှု​ကိုယ်​တိုင်​ဗတ္တိ​ဇံ​ပေး​တော်​မူ​သည်​မ​ဟုတ်​ဘဲ တ​ပည့်​တော်​တို့​က​သာ​ပေး​ခြင်း​ဖြစ်​၏။)

3. ကိုယ်​တော်​သည် ယု​ဒ​နယ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​နယ်​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။

4. ကိုယ်​တော်​သည် ရှ​မာ​ရိ​နယ်​ကို​ဖြတ်​သွား​ရ​သည်​ဖြစ်​၍

5. ယာ​ကုပ်​က မိ​မိ​၏​သား​ယော​သပ်​အား ပေး​ခဲ့​သည့်​မြေ​ကွက်​အ​နီး​ရှိ ရှု​ခါ​ဟု​ခေါ်​သော ရှ​မာ​ရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်​မူ​၏။

6. ထို​အ​ရပ်​၌ ယာ​ကုပ်​၏​ရေ​တွင်း​ရှိ​လေ​ရာ ယေ​ရှု​သည် ခ​ရီး​ပန်း​သ​ဖြင့် ထို​ရေ​တွင်း​နား​မှာ​ထိုင်​နေ​တော်​မူ​၏။ အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ဖြစ်​၏။

7. ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည် ရေ​ခပ်​ရန်​ရောက်​ရှိ​လာ​ရာ ယေ​ရှု​က “ငါ​သောက်​ဖို့​ရေ​ပေး​ပါ”​ဟု ထို​အ​မျိုး​သ​မီး​အား မိန့်​တော်​မူ​၏။

8. တ​ပည့်​တော်​တို့​ကား အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။

9. ထို​ရှ​မာ​ရိ​အ​မျိုး​သ​မီး​က​လည်း “သင်​သည် ဂျူး​လူ​မျိုး​ဖြစ်​လျက်​နှင့် ရှ​မာ​ရိ​အ​မျိုး​သ​မီး​ဖြစ်​သော​ကျွန်​မ​ထံ​မှ သောက်​ရေ​ကို အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း”​ဟု ဆို​၏။ [ထို​သို့​ဆို​သည့်​အ​ကြောင်း​မှာ ဂျူး​လူ​မျိုး​တို့​သည် ရှ​မာ​ရိ​နယ်​သား​တို့​နှင့် ပေါင်း​သင်း​ဆက်​ဆံ​လေ့​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။]

10. ယေ​ရှု​က​လည်း “ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​လက်​ဆောင်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြော​ဆို​နေ​သူ​မှာ မည်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အ​သက်​ရေ​ကို​ပေး​ခဲ့​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။