6. အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏။
7. ‘သင်တို့သည် အသစ်တစ်ဖန်မွေးဖွားခြင်းခံရမည်’ဟု ငါဆိုသောကြောင့် မအံ့သြနှင့်။
8. လေသည် အလိုရှိရာသို့တိုက်တတ်၏။ သင်သည် သူ့အသံကိုကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားသည်ကိုမသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောသူတိုင်းလည်း ထိုနည်းတူဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
9. နိကောဒင်ကလည်း “ဤအရာတို့သည် မည်သို့ဖြစ်နိုင်ပါမည်နည်း”ဟု လျှောက်ပြန်သော်
10. ယေရှုက “သင်သည် အစ္စရေးလူမျိုးတို့၏ဆရာဖြစ်လျက်နှင့် ဤအရာများကို နားမလည်သလော။
11. သင့်အား ငါအမှန်အကန်ဆိုမည်။ ငါတို့သည် ကိုယ်သိသောအရာကိုပြောဆိုလျက် ကိုယ်မြင်သောအရာကိုသက်သေခံ၏။ သို့သော် သင်တို့သည် ငါတို့၏သက်သေခံချက်ကိုလက်မခံကြ။
12. လောကနှင့်ဆိုင်သောအရာများကို သင်တို့အား ငါပြော၍ သင်တို့မယုံကြည်ကြလျှင် ကောင်းကင်နှင့်ဆိုင်သောအရာများကို ငါပြောသောအခါ သင်တို့သည် မည်သို့ယုံကြည်ကြမည်နည်း။
13. ကောင်းကင်မှဆင်းသက်သောလူ့သားမှတစ်ပါး ကောင်းကင်သို့တက်သွားခဲ့သူတစ်စုံတစ်ဦးမျှမရှိ။
14-15. မောရှေသည် တောကန္တာရ၌ မြွေကိုမြှောက်ထားသကဲ့သို့ လူ့သားသည်လည်း သူ့ကိုယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန် မြှောက်ထားခြင်းခံရမည်။