Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 3:17-31 Myanmar Standard Bible (MSB)

17. ဘု​ရား​သ​ခင်​သည် သား​တော်​ကို ဤ​လော​က​သို့​စေ​လွှတ်​တော်​မူ​သည်​မှာ လော​ကီ​သား​တို့​ကို ပြစ်​ဒဏ်​စီ​ရင်​ရန်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် သား​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​ခံ​ရ​ရန်​အ​တွက်​ဖြစ်​၏။

18. သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား ဘု​ရား​သ​ခင်​၏​တစ်​ပါး​တည်း​သော​သား​တော်​၏​နာ​မ​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၏။

19. စီ​ရင်​ဆုံး​ဖြတ်​ချက်​ကား ဤ​သို့​ဖြစ်​၏။ အ​လင်း​သည် ဤ​လော​က​သို့​ရောက်​ရှိ​ပြီ​ဖြစ်​သော်​လည်း လူ​တို့​သည် မိ​မိ​တို့​ပြု​သော​အ​မှု​များ​မ​ကောင်း​သော​ကြောင့် အ​လင်း​ထက် အ​မှောင်​ကို ပို​၍​နှစ်​သက်​ကြ​၏။

20. ဆိုး​ညစ်​သော​အ​မှု​များ​ကို ပြု​ကျင့်​သော​သူ​တိုင်း အ​လင်း​ကို​မုန်း​လျက် မိ​မိ​ပြု​သော​အ​မှု​များ ဖော်​ပြ​ခြင်း​ခံ​ရ​မည်​ကို​စိုး​ရိမ်​သ​ဖြင့် အ​လင်း​ထံ​သို့​မ​ချဉ်း​ကပ်​ကြ။

21. သမ္မာ​တ​ရား​ကို​ကျင့်​သုံး​သော​သူ​မူ​ကား မိ​မိ​ပြု​သော​အ​မှု​များ​သည် ဘု​ရား​သ​ခင်​အား​ဖြင့်​ပြု​ခြင်း​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် အ​လင်း​ထံ​သို့​ချဉ်း​ကပ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

22. ထို့​နောက် ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​တ​ကွ ယု​ဒ​နယ်​သို့​ကြွ​တော်​မူ​ပြီး ထို​အ​ရပ်​၌ သူ​တို့​နှင့်​အ​တူ​နေ​လျက် ဗတ္တိ​ဇံ​ပေး​တော်​မူ​၏။

23. ယော​ဟန်​သည်​လည်း ရှာ​လိမ်​မြို့​အ​နီး အဲ​နုန်​အ​ရပ်​တွင် ရေ​များ​စွာ​ရှိ​သော​ကြောင့် ထို​အ​ရပ်​၌ ဗတ္တိ​ဇံ​ပေး​လျက်​နေ​သ​ဖြင့် လူ​တို့​သည်​လာ​၍ ဗတ္တိ​ဇံ​ခံ​ကြ​၏။

24. (ယော​ဟန်​သည် ထောင်​ထဲ​၌ ထည့်​ထား​ခြင်း​မ​ခံ​ရ​သေး​သော​ကြောင့်​ဖြစ်​၏။)

25. ထို​အ​ခါ ယော​ဟန်​၏​တ​ပည့်​တို့​သည် စင်​ကြယ်​ခြင်း​ဝတ်​နှင့်​ပတ်​သက်​၍ ဂျူး​လူ​မျိုး​တစ်​ဦး​နှင့်​ငြင်း​ခုံ​ဆွေး​နွေး​ကြ​၏။

26. သူ​တို့​သည် ယော​ဟန်​ထံ​သို့​လာ​၍ “ရဗ္ဗိ၊ ကြည့်​ပါ။ ဂျော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​၌ ရဗ္ဗိ​နှင့်​အ​တူ​ရှိ​၍ ရဗ္ဗိ​က သက်​သေ​ခံ​ပေး​ခဲ့​သူ​သည် ဗတ္တိ​ဇံ​ပေး​လျက်​နေ​သ​ဖြင့် လူ​အ​ပေါင်း​တို့​သည် သူ့​ထံ​သို့​သွား​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

27. ယော​ဟန်​က “ကောင်း​ကင်​မှ​ပေး​တော်​မ​မူ​လျှင် လူ​သည် မည်​သည့်​အ​ရာ​ကို​မျှ​မ​ရ​နိုင်။

28. ‘ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်။ သူ့​ရှေ့​၌​စေ​လွှတ်​ခြင်း​ခံ​ရ​သူ​သာ​ဖြစ်​သည်’​ဟု ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​ကိုယ်​တိုင် ငါ​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

29. သ​တို့​သ​မီး​ကို​ရ​သော​သူ​သည် သ​တို့​သား​ဖြစ်​၏။ သ​တို့​သား​၏​အ​သံ​ကို ရပ်​လျက်​နား​ထောင်​နေ​သော သ​တို့​သား​၏​မိတ်​ဆွေ​မူ​ကား သ​တို့​သား​၏​အ​သံ​ကြောင့် ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​၏။ သို့​ဖြစ်​၍ ငါ​သည်​လည်း ထို​ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​ဝ​လျက်​ရှိ​၏။

30. ထို​အ​ရှင်​သည် တိုး​ပွား​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ရ​မည်”​ဟု ပြန်​ပြော​လေ​၏။

31. အ​ထက်​မှ​ကြွ​လာ​သော​အ​ရှင်​သည် အ​လုံး​စုံ​တို့​၏​အ​ထွတ်​ဖြစ်​၏။ မြေ​ကြီး​မှ​ဖြစ်​သော​သူ​သည် မြေ​ကြီး​နှင့်​ဆိုင်​၍ မြေ​ကြီး​နှင့်​ဆိုင်​သော​အ​ရာ​ကို​ပြော​ဆို​တတ်​၏။ ကောင်း​ကင်​မှ​ကြွ​လာ​သော​အ​ရှင်​သည် အ​လုံး​စုံ​တို့​၏​အ​ထွတ်​ဖြစ်​၏။