12. လောကနှင့်ဆိုင်သောအရာများကို သင်တို့အား ငါပြော၍ သင်တို့မယုံကြည်ကြလျှင် ကောင်းကင်နှင့်ဆိုင်သောအရာများကို ငါပြောသောအခါ သင်တို့သည် မည်သို့ယုံကြည်ကြမည်နည်း။
13. ကောင်းကင်မှဆင်းသက်သောလူ့သားမှတစ်ပါး ကောင်းကင်သို့တက်သွားခဲ့သူတစ်စုံတစ်ဦးမျှမရှိ။
14-15. မောရှေသည် တောကန္တာရ၌ မြွေကိုမြှောက်ထားသကဲ့သို့ လူ့သားသည်လည်း သူ့ကိုယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန် မြှောက်ထားခြင်းခံရမည်။
16. ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
17. ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မှာ လောကီသားတို့ကို ပြစ်ဒဏ်စီရင်ရန်မဟုတ်။ လောကီသားတို့သည် သားတော်အားဖြင့် ကယ်တင်ခြင်းခံရရန်အတွက်ဖြစ်၏။
18. သားတော်ကိုယုံကြည်သောသူသည် ပြစ်ဒဏ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၏နာမတော်ကို မယုံကြည်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီဖြစ်၏။
19. စီရင်ဆုံးဖြတ်ချက်ကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကသို့ရောက်ရှိပြီဖြစ်သော်လည်း လူတို့သည် မိမိတို့ပြုသောအမှုများမကောင်းသောကြောင့် အလင်းထက် အမှောင်ကို ပို၍နှစ်သက်ကြ၏။
20. ဆိုးညစ်သောအမှုများကို ပြုကျင့်သောသူတိုင်း အလင်းကိုမုန်းလျက် မိမိပြုသောအမှုများ ဖော်ပြခြင်းခံရမည်ကိုစိုးရိမ်သဖြင့် အလင်းထံသို့မချဉ်းကပ်ကြ။
21. သမ္မာတရားကိုကျင့်သုံးသောသူမူကား မိမိပြုသောအမှုများသည် ဘုရားသခင်အားဖြင့်ပြုခြင်းဖြစ်ကြောင်း ထင်ရှားစေရန် အလင်းထံသို့ချဉ်းကပ်၏”ဟု ပြန်၍မိန့်တော်မူ၏။