Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 20:9-27 Myanmar Standard Bible (MSB)

9. (သူ​တို့​သည် သေ​သော​သူ​တို့​ထဲ​မှ ကိုယ်​တော်​ထ​မြောက်​ရ​မည်​ဟူ​သော​ကျမ်း​ချက်​ကို နား​မ​လည်​ကြ​သေး။)

10. ထို့​နောက် ထို​တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။

11. မာ​ရိ​မူ​ကား သင်္ချိုင်း​ဂူ​အ​ပြင်​၌ ငို​ကြွေး​လျက်​ရပ်​နေ​၏။ ထို​သို့​ငို​ကြွေး​ရင်း ဂူ​အ​တွင်း​သို့​ငုံ့​ကြည့်​လိုက်​ရာ

12. ဖြူ​သော​အ​ဝတ်​ကို​ဝတ်​ဆင်​သည့် ကောင်း​ကင်​တ​မန်​နှစ်​ပါး​သည် ယေ​ရှု​အ​လောင်း​တော်​လဲ​လျောင်း​ခဲ့​ရာ​အ​ရပ်​၏ ခေါင်း​ရင်း​၌​တစ်​ပါး၊ ခြေ​ရင်း​၌​တစ်​ပါး ထိုင်​နေ​ကြ​သည်​ကို မြင်​လေ​၏။

13. ထို​ကောင်း​ကင်​တ​မန်​တို့​က “အ​သင်​မိန်း​မ၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​သ​နည်း”​ဟု မေး​ကြ​လျှင် မာ​ရိ​က “ကျွန်​မ​၏​သ​ခင်​ဘု​ရား​ကို သူ​တို့​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို​မ​သိ​ပါ”​ဟု ဆို​၏။

14. ထို​သို့​ဆို​ပြီး​မှ နောက်​သို့​လှည့်​ကြည့်​လိုက်​ရာ ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို မြင်​သော်​လည်း ယေ​ရှု​ဖြစ်​ကြောင်း​ကို​မ​သိ။

15. ယေ​ရှု​က​လည်း “အ​သင်​မိန်း​မ၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​သ​နည်း။ မည်​သူ့​ကို​ရှာ​နေ​သ​နည်း”​ဟု မေး​တော်​မူ​၏။ မာ​ရိ​သည် ကိုယ်​တော်​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု​ထင်​မှတ်​၍ “အ​ရှင်၊ အ​ရှင်​သည် သူ့​ကို​ယူ​သွား​ခဲ့​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ သူ့​ကို​ကျွန်​မ​ယူ​သွား​ပါ​မည်”​ဟု ဆို​လေ​၏။

16. ယေ​ရှု​က​လည်း “မာ​ရိ”​ဟု​ခေါ်​တော်​မူ​လျှင် မာ​ရိ​သည်​လှည့်​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် “ရဗ္ဗု​နိ”​ဟု​ထူး​လေ​၏။ (ရဗ္ဗု​နိ​အ​ဓိပ္ပာယ်​မှာ ဆ​ရာ​ဟူ​၍​ဖြစ်​၏။)

17. ယေ​ရှု​က​လည်း “ငါ​သည် ခ​မည်း​တော်​ထံ​သို့ မ​တက်​သွား​ရ​သေး​သ​ဖြင့် ငါ့​ကို​မ​ထိ​နှင့်​ဦး။ ငါ့​ညီ​အစ်​ကို​တို့​ထံ​သို့​သွား​၍ ‘ငါ့​ခ​မည်း​တော်​တည်း​ဟူ​သော သင်​တို့​၏​ခ​မည်း​တော်၊ ငါ့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထံ​သို့ ငါ​တက်​သွား​တော့​မည်’​ဟူ​၍ ပြော​ကြား​လော့”​ဟု မိန့်​တော်​မူ​၏။

18. မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည် သွား​၍ “သ​ခင်​ဘု​ရား​ကို ကျွန်​မ​တွေ့​မြင်​ခဲ့​ပြီ”​ဟု တ​ပည့်​တော်​တို့​အား​ဆို​ပြီး​လျှင် မိ​မိ​အား​မိန့်​မှာ​တော်​မူ​သော​အ​ရာ​များ​ကို​ပြော​ကြား​လေ​၏။

19. ရက်​သတ္တ​ပတ်​တွင် ပ​ထ​မ​နေ့​ဖြစ်​သော ထို​နေ့​၏​ည​နေ​ချမ်း​အ​ချိန်​တွင် တ​ပည့်​တော်​တို့​သည် ဂျူး​လူ​မျိုး​တို့​ကို​ကြောက်​သ​ဖြင့် မိ​မိ​တို့​ရှိ​ရာ​နေ​ရာ​၌ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်​နေ​ကြ​ရာ ယေ​ရှု​သည်​ကြွ​လာ​၍ သူ​တို့​အ​လယ်​၌​ရပ်​တော်​မူ​ပြီး​လျှင် “သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

20. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် လက်​တော်​နှင့်​နံ​ဘေး​တော်​တို့​ကို သူ​တို့​အား​ပြ​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည် သ​ခင်​ဘု​ရား​ကို​မြင်​ရ​သော​အ​ခါ ဝမ်း​မြောက်​ကြ​၏။

21. တစ်​ဖန် ယေ​ရှု​က “သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ ခ​မည်း​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည်​လည်း သင်​တို့​ကို​စေ​လွှတ်​၏”​ဟု မိန့်​တော်​မူ​၏။

22. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် သူ​တို့​အ​ပေါ်​မှုတ်​တော်​မူ​လျက် “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြ​လော့။

23. တစ်​စုံ​တစ်​ဦး​၏​အ​ပြစ်​များ​ကို သင်​တို့​ခွင့်​လွှတ်​လျှင် ထို​သူ​သည် အ​ပြစ်​ခွင့်​လွှတ်​ခြင်း​ကို​ခံ​ရ​၏။ တစ်​စုံ​တစ်​ဦး​၏​အ​ပြစ်​များ​ကို သင်​တို့​ချည်​နှောင်​ထား​လျှင် ထို​အ​ပြစ်​များ​သည် သူ​၌ ချည်​နှောင်​ထား​ခြင်း​ခံ​ရ​၏”​ဟု မိန့်​တော်​မူ​၏။

24. တစ်​ဆယ့်​နှစ်​ပါး​သော​တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​ပြီး ဒိ​ဒု​မု​ဟု​ခေါ်​သည့် သော​မ​ကား ယေ​ရှု​ကြွ​လာ​တော်​မူ​သော​အ​ချိန်​တွင် သူ​တို့​နှင့်​အ​တူ​မ​ရှိ​ခဲ့​ချေ။

25. သို့​ဖြစ်​၍ အ​ခြား​သော​တ​ပည့်​တော်​တို့​က သော​မ​အား “ငါ​တို့​သည် သ​ခင်​ဘု​ရား​ကို​မြင်​ရ​ပြီ”​ဟု ဆို​ကြ​၏။ သို့​သော် သော​မ​က “ငါ​သည် လက်​တော်​တို့​၌ သံ​ရိုက်​ရာ​ကို​မ​မြင်၊ ထို​သံ​ရိုက်​ရာ​ထဲ​သို့ ငါ့​လက်​ညှိုး​ကို​မ​ထိုး​မ​သွင်း၊ နံ​ဘေး​တော်​ထဲ​သို့​လည်း ငါ့​လက်​ကို​မ​ထိုး​မ​သွင်း​ရ​လျှင် မည်​သည့်​အ​ခါ​မျှ​ယုံ​မည်​မ​ဟုတ်”​ဟု ဆို​လေ​၏။

26. ထို့​နောက် ရှစ်​ရက်​ကြာ​သော် တ​ပည့်​တော်​တို့​သည် တစ်​ဖန် အ​ထဲ​၌​ရှိ​ကြ​၍ သော​မ​သည်​လည်း သူ​တို့​နှင့်​အ​တူ​ရှိ​၏။ တံ​ခါး​များ​ကို​ပိတ်​ထား​သော်​လည်း ယေ​ရှု​သည်​ကြွ​လာ​၍ သူ​တို့​အ​လယ်​၌​ရပ်​တော်​မူ​ပြီး​လျှင် “သင်​တို့​၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ”​ဟု မိန့်​တော်​မူ​၏။

27. ထို့​နောက် သော​မ​အား “သင်​၏​လက်​ညှိုး​ဖြင့် ဤ​နေ​ရာ​ကို​တို့​၍ ငါ့​လက်​ကို​ကြည့်​လော့။ သင်​၏​လက်​ကို​လည်း ဆန့်​၍ ငါ့​နံ​ဘေး​ထဲ​သို့​ထိုး​သွင်း​လော့။ မ​ယုံ​ကြည်​သော​သူ​မ​ဟုတ်​ဘဲ ယုံ​ကြည်​သော​သူ​ဖြစ်​လော့”​ဟု မိန့်​တော်​မူ​၏။