Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 20:1-9 Myanmar Standard Bible (MSB)

1. ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့​၌ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည် မှောင်​လျက်​ရှိ​နေ​သေး​သော နံ​နက်​စော​စော​အ​ချိန်​တွင် သင်္ချိုင်း​တော်​သို့​ရောက်​လာ​ရာ ကျောက်​တုံး​အား ဂူ​ဝ​မှ ဖယ်​ရှား​ထား​ပြီး​ဖြစ်​သည်​ကို​မြင်​လေ​၏။

2. ထို့​ကြောင့် သူ​သည် ရှိ​မုန်​ပေ​တ​ရု​နှင့် ယေ​ရှု​ချစ်​တော်​မူ​သော အ​ခြား​တ​ပည့်​တော်​ထံ​သို့ ပြေး​သွား​၍ “သ​ခင်​ဘု​ရား​ကို သင်္ချိုင်း​ဂူ​ထဲ​မှ သူ​တို့​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို​မ​သိ​ပါ”​ဟု ဆို​လေ​၏။

3. ထို​အ​ခါ ပေ​တ​ရု​နှင့် ထို​အ​ခြား​တ​ပည့်​တော်​သည် ထွက်​လာ​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။

4. သူ​တို့​နှစ်​ဦး​သည် အ​တူ​တူ​ပြေး​ကြ​သော်​လည်း အ​ခြား​တ​ပည့်​တော်​သည် ပေ​တ​ရု​ထက် လျင်​မြန်​စွာ​ပြေး​၍ သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​သ​ဖြင့်

5. ငုံ့​ကြည့်​လိုက်​ရာ ပိတ်​ထည်​များ​ရှိ​နေ​သည်​ကို​မြင်​ရ​၏။ သို့​သော် သူ​သည် အ​ထဲ​သို့​မ​ဝင်​ဘဲ​နေ​၏။

6. ထို​အ​ခါ နောက်​မှ​လိုက်​လာ​သော ရှိ​မုန်​ပေ​တ​ရု​သည်​လည်း​ရောက်​လာ​၍ သင်္ချိုင်း​ဂူ​ထဲ​သို့​ဝင်​ပြီး​လျှင် ပိတ်​ထည်​များ​ရှိ​နေ​သည်​ကို​လည်း​ကောင်း၊

7. ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​ကို​ပတ်​စည်း​ထား​သော​ပ​ဝါ​သည် ပိတ်​ထည်​များ​နှင့်​အ​တူ​မ​ရှိ​ဘဲ တစ်​နေ​ရာ​တွင်​သီး​ခြား​လိပ်​ထား​သည်​ကို​လည်း​ကောင်း မြင်​လေ​၏။

8. ထို့​နောက် သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဝင်​လာ​၍ မြင်​သ​ဖြင့် ယုံ​ကြည်​လေ​၏။

9. (သူ​တို့​သည် သေ​သော​သူ​တို့​ထဲ​မှ ကိုယ်​တော်​ထ​မြောက်​ရ​မည်​ဟူ​သော​ကျမ်း​ချက်​ကို နား​မ​လည်​ကြ​သေး။)