Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 20:1-16 Myanmar Standard Bible (MSB)

1. ရက်​သတ္တ​ပတ်​၏​ပ​ထ​မ​နေ့​၌ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​သည် မှောင်​လျက်​ရှိ​နေ​သေး​သော နံ​နက်​စော​စော​အ​ချိန်​တွင် သင်္ချိုင်း​တော်​သို့​ရောက်​လာ​ရာ ကျောက်​တုံး​အား ဂူ​ဝ​မှ ဖယ်​ရှား​ထား​ပြီး​ဖြစ်​သည်​ကို​မြင်​လေ​၏။

2. ထို့​ကြောင့် သူ​သည် ရှိ​မုန်​ပေ​တ​ရု​နှင့် ယေ​ရှု​ချစ်​တော်​မူ​သော အ​ခြား​တ​ပည့်​တော်​ထံ​သို့ ပြေး​သွား​၍ “သ​ခင်​ဘု​ရား​ကို သင်္ချိုင်း​ဂူ​ထဲ​မှ သူ​တို့​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို​မ​သိ​ပါ”​ဟု ဆို​လေ​၏။

3. ထို​အ​ခါ ပေ​တ​ရု​နှင့် ထို​အ​ခြား​တ​ပည့်​တော်​သည် ထွက်​လာ​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။

4. သူ​တို့​နှစ်​ဦး​သည် အ​တူ​တူ​ပြေး​ကြ​သော်​လည်း အ​ခြား​တ​ပည့်​တော်​သည် ပေ​တ​ရု​ထက် လျင်​မြန်​စွာ​ပြေး​၍ သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​သ​ဖြင့်

5. ငုံ့​ကြည့်​လိုက်​ရာ ပိတ်​ထည်​များ​ရှိ​နေ​သည်​ကို​မြင်​ရ​၏။ သို့​သော် သူ​သည် အ​ထဲ​သို့​မ​ဝင်​ဘဲ​နေ​၏။

6. ထို​အ​ခါ နောက်​မှ​လိုက်​လာ​သော ရှိ​မုန်​ပေ​တ​ရု​သည်​လည်း​ရောက်​လာ​၍ သင်္ချိုင်း​ဂူ​ထဲ​သို့​ဝင်​ပြီး​လျှင် ပိတ်​ထည်​များ​ရှိ​နေ​သည်​ကို​လည်း​ကောင်း၊

7. ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​ကို​ပတ်​စည်း​ထား​သော​ပ​ဝါ​သည် ပိတ်​ထည်​များ​နှင့်​အ​တူ​မ​ရှိ​ဘဲ တစ်​နေ​ရာ​တွင်​သီး​ခြား​လိပ်​ထား​သည်​ကို​လည်း​ကောင်း မြင်​လေ​၏။

8. ထို့​နောက် သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဝင်​လာ​၍ မြင်​သ​ဖြင့် ယုံ​ကြည်​လေ​၏။

9. (သူ​တို့​သည် သေ​သော​သူ​တို့​ထဲ​မှ ကိုယ်​တော်​ထ​မြောက်​ရ​မည်​ဟူ​သော​ကျမ်း​ချက်​ကို နား​မ​လည်​ကြ​သေး။)

10. ထို့​နောက် ထို​တ​ပည့်​တော်​တို့​သည် မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။

11. မာ​ရိ​မူ​ကား သင်္ချိုင်း​ဂူ​အ​ပြင်​၌ ငို​ကြွေး​လျက်​ရပ်​နေ​၏။ ထို​သို့​ငို​ကြွေး​ရင်း ဂူ​အ​တွင်း​သို့​ငုံ့​ကြည့်​လိုက်​ရာ

12. ဖြူ​သော​အ​ဝတ်​ကို​ဝတ်​ဆင်​သည့် ကောင်း​ကင်​တ​မန်​နှစ်​ပါး​သည် ယေ​ရှု​အ​လောင်း​တော်​လဲ​လျောင်း​ခဲ့​ရာ​အ​ရပ်​၏ ခေါင်း​ရင်း​၌​တစ်​ပါး၊ ခြေ​ရင်း​၌​တစ်​ပါး ထိုင်​နေ​ကြ​သည်​ကို မြင်​လေ​၏။

13. ထို​ကောင်း​ကင်​တ​မန်​တို့​က “အ​သင်​မိန်း​မ၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​သ​နည်း”​ဟု မေး​ကြ​လျှင် မာ​ရိ​က “ကျွန်​မ​၏​သ​ခင်​ဘု​ရား​ကို သူ​တို့​ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို​မ​သိ​ပါ”​ဟု ဆို​၏။

14. ထို​သို့​ဆို​ပြီး​မှ နောက်​သို့​လှည့်​ကြည့်​လိုက်​ရာ ယေ​ရှု​ရပ်​လျက်​နေ​တော်​မူ​သည်​ကို မြင်​သော်​လည်း ယေ​ရှု​ဖြစ်​ကြောင်း​ကို​မ​သိ။

15. ယေ​ရှု​က​လည်း “အ​သင်​မိန်း​မ၊ အ​ဘယ်​ကြောင့်​ငို​ကြွေး​နေ​သ​နည်း။ မည်​သူ့​ကို​ရှာ​နေ​သ​နည်း”​ဟု မေး​တော်​မူ​၏။ မာ​ရိ​သည် ကိုယ်​တော်​ကို ဥ​ယျာဉ်​စောင့်​ဖြစ်​သည်​ဟု​ထင်​မှတ်​၍ “အ​ရှင်၊ အ​ရှင်​သည် သူ့​ကို​ယူ​သွား​ခဲ့​လျှင် အ​ဘယ်​မှာ​ထား​သည်​ကို ကျွန်​မ​အား​ပြော​ပါ။ သူ့​ကို​ကျွန်​မ​ယူ​သွား​ပါ​မည်”​ဟု ဆို​လေ​၏။

16. ယေ​ရှု​က​လည်း “မာ​ရိ”​ဟု​ခေါ်​တော်​မူ​လျှင် မာ​ရိ​သည်​လှည့်​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် “ရဗ္ဗု​နိ”​ဟု​ထူး​လေ​၏။ (ရဗ္ဗု​နိ​အ​ဓိပ္ပာယ်​မှာ ဆ​ရာ​ဟူ​၍​ဖြစ်​၏။)