Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19:7-16 Myanmar Standard Bible (MSB)

7. ဂျူး​လူ​မျိုး​တို့​က​လည်း “အ​ကျွန်ုပ်​တို့​၌ ပ​ညတ်​တ​ရား​ရှိ​ပါ​၏။ ဤ​သူ​သည် မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်​ဟု​ကြေ​ညာ​သော​ကြောင့် ထို​ပ​ညတ်​တ​ရား​အ​ရ သေ​ထိုက်​ပါ​၏”​ဟု ပြန်​လျှောက်​ကြ​၏။

8. ပိ​လတ်​မင်း​သည် ထို​စ​ကား​ကို​ကြား​ရ​သော​အ​ခါ ပို​၍​ကြောက်​လာ​သ​ဖြင့်

9. ရုံး​တော်​ထဲ​သို့​ပြန်​ဝင်​ကာ ယေ​ရှု​အား “သင်​သည် မည်​သည့်​အ​ရပ်​မှ​လာ​သ​နည်း”​ဟု မေး​လေ​၏။ သို့​သော် ယေ​ရှု​သည် တစ်​ခွန်း​မျှ ဖြေ​ကြား​တော်​မ​မူ။

10. သို့​ဖြစ်​၍ ပိ​လတ်​မင်း​က “သင်​သည် ငါ့​ကို​စ​ကား​မ​ပြော​ဘဲ​နေ​သ​လော။ ငါ​၌ သင့်​ကို လွှတ်​ပေး​နိုင်​သော​အ​ခွင့်​အာ​ဏာ​ရှိ​၍ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​နိုင်​သော အ​ခွင့်​အာ​ဏာ​လည်း​ရှိ​သည်​ကို သင်​မ​သိ​သ​လော”​ဟု ဆို​၏။

11. ယေ​ရှု​က “အ​ထက်​အ​ရပ်​မှ​ပေး​အပ်​တော်​မ​မူ​လျှင် သင်​သည် ငါ့​အ​ပေါ် မည်​သည့်​အ​ခွင့်​အာ​ဏာ​မျှ​မ​ရှိ။ ထို့​ကြောင့် ငါ့​ကို သင့်​လက်​သို့​အပ်​နှံ​သော​သူ​၌ ပို​၍​ကြီး​လေး​သော​အ​ပြစ်​ရှိ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

12. ထို​အ​ခါ​မှ​စ​၍ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​လွှတ်​ပေး​ရန် ကြိုး​စား​ရှာ​ကြံ​၏။ သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​က “အ​ရှင်​သည် ထို​သူ​ကို​လွှတ်​ပေး​လျှင် ဆီ​ဇာ​ဧ​က​ရာဇ်​၏​ဘက်​တော်​သား​မ​ဟုတ်​ပါ။ မိ​မိ​ကိုယ်​ကို​ဘု​ရင်​ဖြစ်​သည်​ဟု ကြေ​ညာ​သော​သူ​အား​လုံး​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ကို​ဆန့်​ကျင်​ပြော​ဆို​သော​သူ​ဖြစ်​ပါ​သည်”​ဟု အော်​ဟစ်​ကြ​၏။

13. ပိ​လတ်​မင်း​သည် ထို​စ​ကား​တို့​ကို​ကြား​သော​အ​ခါ ယေ​ရှု​ကို အ​ပြင်​သို့​ခေါ်​ဆောင်​လာ​၍ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဂဗ္ဗ​သ​အ​မည်​ရှိ​သည့် ကျောက်​ခင်း​စင်္ကြံ​ဟု​ခေါ်​ဝေါ်​သော​နေ​ရာ​မှ တ​ရား​ပလ္လင်​ပေါ်​တွင် ထိုင်​လေ​၏။

14. ထို​နေ့​သည် ပ​သ​ခါ​ပွဲ​တော်​အ​တွက် ပြင်​ဆင်​ရာ​နေ့​ဖြစ်​၏။ အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ရှိ​၏။ ပိ​လတ်​မင်း​သည် ဂျူး​လူ​မျိုး​တို့​အား “ကြည့်​ပါ။ သင်​တို့​၏​ဘု​ရင်​ပေ​တည်း”​ဟု ဆို​လေ​၏။

15. ထို​အ​ခါ သူ​တို့​က “သုတ်​သင်​လိုက်​ပါ၊ သုတ်​သင်​လိုက်​ပါ၊ သူ့​ကို​လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်​ဟစ်​ကြ​၏။ ပိ​လတ်​မင်း​က “သင်​တို့​၏​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ ငါ​တင်​ရ​မည်​လော”​ဟု မေး​လျှင် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​က “အ​ကျွန်ုပ်​တို့​တွင် ဆီ​ဇာ​ဧ​က​ရာဇ်​မှ​လွဲ​၍ အ​ခြား​ဘု​ရင်​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။

16. ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​စေ​ရန် သူ​တို့​လက်​သို့​အပ်​လိုက်​သ​ဖြင့် သူ​တို့​သည် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။