Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 19:22-33 Myanmar Standard Bible (MSB)

22. ပိ​လတ်​မင်း​က “ငါ​ရေး​ပြီး​သည့်​အ​တိုင်း ငါ​ရေး​ပြီ”​ဟု ပြန်​ပြော​လေ​၏။

23. စစ်​သား​တို့​သည် ယေ​ရှု​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ကြ​ပြီး​သော​အ​ခါ ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​ကို လေး​ပိုင်း​ပိုင်း​၍ တစ်​ယောက်​တစ်​ပိုင်း​စီ​ယူ​ကြ​၏။ အ​တွင်း​အ​ဝတ်​တော်​ကို​လည်း​ယူ​ကြ​ရာ ၎င်း​သည် ချုပ်​ရိုး​မ​ရှိ​ဘဲ အ​ထက်​စွန်း​မှ တစ်​ထည်​လုံး​ကို တစ်​ဆက်​တည်း​ရက်​ထား​သည့် အ​ဝတ်​ဖြစ်​သော​ကြောင့်

24. “ဤ​အ​ဝတ်​ကို​မ​ဆုတ်​ဘဲ မည်​သူ​ရ​မည်​ကို မဲ​ချ​ကြ​စို့”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ စစ်​သား​တို့ ဤ​သို့​ပြု​ကြ​ခြင်း​မှာ “သူ​တို့​သည် အ​ကျွန်ုပ်​၏​ဝတ်​ရုံ​ကို အ​ချင်း​ချင်း​ခွဲ​ဝေ​ကြ​၍ အ​ကျွန်ုပ်​၏​အ​ဝတ်​အ​တွက် မဲ​ချ​ကြ​၏”​ဟု ကျမ်း​စာ​၌​ဆို​ထား​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

25. ယေ​ရှု​၏​လက်​ဝါး​ကပ်​တိုင်​တော်​အ​နီး​၌​ကား ယေ​ရှု​၏​မယ်​တော်၊ မယ်​တော်​၏​ညီ​မ၊ က​လော​ဖ​၏​ဇ​နီး မာ​ရိ​နှင့် မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​တို့​သည် ရပ်​နေ​ကြ​၏။

26. ယေ​ရှု​သည် အ​နီး​၌​ရပ်​နေ​သည့် ချစ်​တော်​မူ​သော​တ​ပည့်​တော်​နှင့် မယ်​တော်​ကို မြင်​တော်​မူ​လျှင် မယ်​တော်​အား “အ​သင်​အ​မျိုး​သ​မီး၊ ကြည့်​လော့။ သင်​၏​သား​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

27. ထို့​နောက် ထို​တ​ပည့်​တော်​အား “ကြည့်​လော့။ သင်​၏​အ​မိ​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ချိန်​မှ​စ​၍ ထို​တ​ပည့်​တော်​သည် မယ်​တော်​ကို မိ​မိ​အိမ်​၌​ခေါ်​ထား​လေ​၏။

28. ထို့​နောက် ယေ​ရှု​သည် အ​မှု​အ​လုံး​စုံ​ပြီး​စီး​ပြီ​ဖြစ်​ကြောင်း သိ​တော်​မူ​၍ ကျမ်း​စာ​ကို​ပြည့်​စုံ​စေ​ရန် “ငါ​ရေ​ငတ်​သည်”​ဟု မိန့်​တော်​မူ​၏။

29. ထို​အ​ရပ်​၌ ဝိုင်​ချဉ်​အ​ပြည့်​ရှိ​သော အိုး​တစ်​လုံး​ကို​ထား​ရှိ​သည်​ဖြစ်​၍ လူ​တို့​သည် ဝိုင်​ချဉ်​ဝ​နေ​သော​ရေ​မြှုပ်​ကို ဟုဿုပ်​ရိုး​တံ​အ​ဖျား​၌​တပ်​လျက် နှုတ်​ခမ်း​တော်​နား​သို့​ကပ်​ပေး​ကြ​၏။

30. ထို​သို့ ဝိုင်​ချဉ်​ကို​ခံ​ယူ​ပြီး​သော​အ​ခါ ယေ​ရှု​သည် “အ​မှု​ပြီး​ပြီ”​ဟု မိန့်​တော်​မူ​လျက် ဦး​ခေါင်း​တော်​ငိုက်​စိုက်​ကျ​ကာ အ​သက်​ကို​စွန့်​တော်​မူ​၏။

31. ထို​နေ့​သည် ပြင်​ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်​တစ်​နေ့​သည် ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သော​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် ထို​ဥ​ပုသ်​နေ့​တွင် လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ အ​လောင်း​များ​မ​ရှိ​စေ​လို​သ​ဖြင့် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ တင်​ထား​ခြင်း​ခံ​ရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အ​လောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိ​လတ်​မင်း​ထံ တောင်း​ဆို​ကြ​၏။

32. ထို့​ကြောင့် စစ်​သား​တို့​သည်​လာ​၍ ယေ​ရှု​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း​ခံ​ရ​သူ ပ​ထ​မ​တစ်​ဦး​၏​ခြေ​နှင့် နောက်​တစ်​ဦး​၏​ခြေ​တို့​ကို ချိုး​ကြ​၏။

33. သို့​သော် ယေ​ရှု​ထံ​သို့​ရောက်​၍ ကိုယ်​တော်​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း တွေ့​မြင်​သော​အ​ခါ ခြေ​တော်​ကို​မ​ချိုး​ဘဲ