Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18:7-15 Myanmar Standard Bible (MSB)

7. ထို့​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် သူ​တို့​အား “မည်​သူ့​ကို​ရှာ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ​သည်”​ဟု ဆို​ကြ​၏။

8. ယေ​ရှု​က​လည်း “ငါ​ဖြစ်​သည်​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။ သို့​ဖြစ်​၍ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လျှင် ဤ​သူ​တို့​သွား​ပါ​လေ​စေ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

9. ထို​သို့​မိန့်​တော်​မူ​သည်​မှာ “အ​ကျွန်ုပ်​ထံ ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​တွင် မည်​သူ​မျှ အ​ကျွန်ုပ်​မ​ဆုံး​ရှုံး​ခဲ့​ပါ”​ဟု ကိုယ်​တော်​မြွက်​ဆို​ခဲ့​သော​စ​ကား ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

10. ထို​စဉ်​တွင် ရှိ​မုန်​ပေ​တ​ရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ကို​ခုတ်​သ​ဖြင့် ယာ​ဘက်​နား​ရွက်​ပြတ်​သွား​လေ​၏။ ထို​အ​စေ​အ​ပါး​၏​အ​မည်​ကား မာ​လ​ခု​ဖြစ်​၏။

11. ယေ​ရှု​က​လည်း “ဓား​ကို ဓား​အိမ်​ထဲ​သို့​ပြန်​သွင်း​လော့။ ငါ့​အား ခ​မည်း​တော်​ပေး​တော်​မူ​သော​ခွက်​ကို ငါ​မ​သောက်​ဘဲ​နေ​ရ​မည်​လော”​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​၏။

12. ထို​အ​ခါ တပ်​ဖွဲ့​တစ်​ဖွဲ့၊ တပ်​မှူး​ကြီး​နှင့် ဂျူး​လူ​မျိုး​အ​စောင့်​တပ်​သား​တို့​သည် ယေ​ရှု​ကို​ဖမ်း​ဆီး​၍ ချည်​နှောင်​ကြ​ကာ

13. အန္နတ်​ထံ​သို့ ဦး​စွာ​ခေါ်​ဆောင်​သွား​ကြ​၏။ အ​ကြောင်း​မူ​ကား အန္နတ်​သည် ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ​၏​ယောက္ခ​မ​ဖြစ်​၏။

14. ထို​က​ယာ​ဖ​သည် “လူ​တစ်​ဦး​က လူ​ထု​ကိုယ်​စား​အ​သေ​ခံ​ခြင်း​သည် ပို​၍​ကောင်း​၏”​ဟု ဂျူး​လူ​မျိုး​တို့​အား အ​ကြံ​ပေး​ခဲ့​သူ​ဖြစ်​၏။

15. ရှိ​မုန်​ပေ​တ​ရု​နှင့် အ​ခြား​တ​ပည့်​တော်​တစ်​ပါး​သည် ယေ​ရှု​နောက်​တော်​သို့ လိုက်​သွား​ကြ​၏။ ထို​တ​ပည့်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​သိ​ဖြစ်​၍ ယေ​ရှု​နှင့်​အ​တူ ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ခြံ​ဝင်း​ထဲ​သို့ ဝင်​လေ​၏။