Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18:35-40 Myanmar Standard Bible (MSB)

35. ပိ​လတ်​မင်း​က “ငါ​သည် ဂျူး​လူ​မျိုး​ဖြစ်​သ​လော။ သင်​၏​အ​မျိုး​သား​ချင်း​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် သင့်​ကို ငါ့​ထံ​အပ်​နှံ​ကြ​ပြီ။ သင်​မည်​သည့်​အ​ရာ​ကို​ပြု​မိ​သ​နည်း”​ဟု မေး​လေ​၏။

36. ယေ​ရှု​က “ငါ့​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ့​နိုင်​ငံ​သည် ဤ​လော​က​နှင့်​စပ်​ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူ​မျိုး​တို့​လက်​သို့ အပ်​နှံ​ခြင်း​မ​ခံ​ရ​ရန် ငါ့​လူ​တို့​သည် တိုက်​ခိုက်​ခဲ့​ကြ​ပေ​လိမ့်​မည်။ သို့​သော် အ​မှန်​အား​ဖြင့် ငါ့​နိုင်​ငံ​သည် ဤ​နေ​ရာ​မှ​ဖြစ်​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

37. ထို့​ကြောင့် ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် သင်​သည် ဘု​ရင်​ပေ​လော”​ဟု ဆို​လျှင် ယေ​ရှု​က “သင်​ဆို​သည့်​အ​တိုင်း ငါ​သည်​ဘု​ရင်​ပေ​တည်း။ ငါ​သည် သမ္မာ​တ​ရား​ဘက်​၌​သက်​သေ​ခံ​ရန် မွေး​ဖွား​ခြင်း​ကို​ခံ​၍ ထို​အ​တွက်​ပင် ဤ​လော​က​သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သော​သူ​တိုင်း ငါ့​အ​သံ​ကို​နား​ထောင်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

38. ပိ​လတ်​မင်း​က “သမ္မာ​တ​ရား​ဆို​သည်​မှာ အ​ဘယ်​နည်း”​ဟု ဆို​ပြီး​လျှင် ဂျူး​လူ​မျိုး​တို့​ရှိ​ရာ​သို့ တစ်​ဖန်​ထွက်​သွား​၍ “ထို​သူ​၌ မည်​သည့်​ပြစ်​မှု​ကို​မျှ ငါ​မ​တွေ့။

39. သို့​ရာ​တွင် ပ​သ​ခါ​ပွဲ​တော်​၌ လူ​တစ်​ဦး​ကို သင်​တို့​အ​တွက် ငါ​လွှတ်​ပေး​ရ​မည့်​ထုံး​စံ​ရှိ​သည်​ဖြစ်​၍ ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ကို သင်​တို့​အ​တွက် လွှတ်​ပေး​စေ​လို​သ​လော”​ဟု သူ​တို့​အား​မေး​လေ​၏။

40. ထို​အ​ခါ သူ​တို့​က “သူ့​ကို​မ​လွှတ်​ဘဲ ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု ပြန်​၍​အော်​ဟစ်​လျှောက်​ထား​ကြ​၏။ ဗာ​ရဗ္ဗ​ကား ဓား​ပြ​ဖြစ်​၏။