Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18:23-30 Myanmar Standard Bible (MSB)

23. ယေ​ရှု​က​လည်း “ငါ​ပြော​သော​အ​ရာ​မ​မှန်​လျှင် မ​မှန်​သည့်​အ​ကြောင်း​ကို ထောက်​ပြ​လော့။ မှန်​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် ငါ့​ကို​ရိုက်​သ​နည်း”​ဟု ထို​သူ​အား မိန့်​တော်​မူ​၏။

24. ထို့​နောက် အန္နတ်​သည် ကိုယ်​တော်​ကို​ချည်​နှောင်​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​ထံ​သို့ ပို့​လိုက်​၏။

25. ရှိ​မုန်​ပေ​တ​ရု​မူ​ကား ရပ်​လျက်​မီး​လှုံ​နေ​ဆဲ​ဖြစ်​၏။ ထို​အ​ခါ လူ​တို့​က “သင်​သည်​လည်း ထို​သူ​၏​တ​ပည့်​များ​ထဲ​မှ​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု မေး​ကြ​လျှင် ပေ​တ​ရု​က “မ​ဟုတ်​ပါ”​ဟု ငြင်း​ဆို​လေ​၏။

26. ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​စေ​အ​ပါး​တစ်​ဦး​ဖြစ်​ပြီး ပေ​တ​ရု​ခုတ်​၍ နား​ရွက်​ပြတ်​သော​သူ​၏​ဆွေ​မျိုး​လည်း​ဖြစ်​သူ​က “သင့်​ကို ထို​သူ​နှင့်​အ​တူ ဥ​ယျာဉ်​ထဲ​၌ ငါ​မြင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု ဆို​လေ​၏။

27. ထို​အ​ခါ ပေ​တ​ရု​သည် ပြန်​၍​ငြင်း​ဆို​သည်​နှင့် ချက်​ချင်း​ပင် ကြက်​တွန်​လေ​၏။

28. ထို့​နောက် သူ​တို့​သည် ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​ရုံး​တော်​သို့ ခေါ်​ဆောင်​သွား​ကြ​၏။ အ​ချိန်​ကား နံ​နက်​စော​စော​အ​ချိန်​ဖြစ်​၏။ သူ​တို့​သည် ညစ်​ညူး​ခြင်း​နှင့်​ကင်း​လွတ်​၍ ပ​သ​ခါ​ပွဲ​တော်​ကို​စား​နိုင်​ရန် ရုံး​တော်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။

29. ထို့​ကြောင့် ပိ​လတ်​မင်း​သည် သူ​တို့​ရှိ​ရာ​အ​ပြင်​သို့ ထွက်​လာ​၍ “သင်​တို့​သည် ဤ​သူ​အ​ပေါ်​၌ မည်​သည့်​စွပ်​စွဲ​ချက်​ကို တင်​ကြ​သ​နည်း”​ဟု မေး​လေ​၏။

30. သူ​တို့​က​လည်း “ဤ​သူ​သည် အ​ပြစ်​ကျူး​လွန်​သူ​မ​ဟုတ်​လျှင် သူ့​ကို အ​ရှင့်​ထံ​သို့ အပ်​နှံ​ကြ​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​၍​လျှောက်​ကြ​၏။