Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18:16-23 Myanmar Standard Bible (MSB)

16. ပေ​တ​ရု​မူ​ကား ခြံ​တံ​ခါး​အ​ပြင်​ဘက်​၌ ရပ်​နေ​၏။ ထို့​ကြောင့် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အ​သိ​ဖြစ်​သော ထို​တ​ပည့်​တော်​သည်​ထွက်​လာ​၍ တံ​ခါး​စောင့်​မိန်း​မ​အား​ပြော​ပြီး​လျှင် ပေ​တ​ရု​ကို အ​ထဲ​သို့​ခေါ်​သွား​လေ​၏။

17. ထို​အ​ခါ တံ​ခါး​စောင့်​ဖြစ်​သော ထို​အ​စေ​ခံ​မိန်း​မ​က ပေ​တ​ရု​အား “သင်​သည်​လည်း ထို​သူ​၏​တ​ပည့်​တစ်​ဦး​ဖြစ်​သည်​မ​ဟုတ်​လော”​ဟု ဆို​လျှင် ပေ​တ​ရု​က “မ​ဟုတ်​ပါ”​ဟု ဆို​လေ​၏။

18. ထို​ကာ​လ​သည်​ချမ်း​အေး​သော​ကြောင့် အ​စေ​အ​ပါး​များ​နှင့် အ​စောင့်​တပ်​သား​တို့​သည် မီး​ခဲ​ဖို​ပြီး ရပ်​လျက်​မီး​လှုံ​နေ​ကြ​၏။ ပေ​တ​ရု​သည်​လည်း သူ​တို့​နှင့်​အ​တူ​ရပ်​၍ မီး​လှုံ​နေ​၏။

19. ထို​စဉ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ယေ​ရှု​အား တ​ပည့်​တော်​တို့​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ သူ​၏​သွန်​သင်​ချက်​နှင့်​ပတ်​သက်​၍​လည်း​ကောင်း မေး​မြန်း​၏။

20. ယေ​ရှု​က​လည်း “ငါ​သည် လော​က​၌ ထင်​ရှား​စွာ​ဟော​ပြော​ခဲ့​၏။ ဂျူး​လူ​မျိုး​အ​ပေါင်း​တို့​စု​ဝေး​ရာ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​နှင့် ဗိ​မာန်​တော်​၌ အ​စဉ်​အ​မြဲ​သွန်​သင်​ခဲ့​၏။ မည်​သည့်​အ​ရာ​ကို​မျှ လျှို့​ဝှက်​စွာ​မ​ဟော​ပြော​ခဲ့​ပေ။

21. သင်​သည် အ​ဘယ်​ကြောင့် ငါ့​ကို​မေး​မြန်း​သ​နည်း။ လူ​တို့​အား မည်​သို့ ငါ​ဟော​ပြော​ခဲ့​သည်​ကို ကြား​နာ​သော​သူ​တို့​ထံ မေး​မြန်း​လော့။ ငါ​ပြော​ဆို​ခဲ့​သော​အ​ရာ​များ​ကို ထို​သူ​တို့​သိ​ကြ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

22. ထို​သို့​မိန့်​တော်​မူ​သော​အ​ခါ အ​နီး​၌​ရပ်​နေ​သော အ​စောင့်​တပ်​သား​တစ်​ဦး​က “ယဇ်​ပု​ရော​ဟိတ်​မင်း​ကို ဤ​သို့​ပြန်​ပြော​ရ​သ​လော”​ဟု ဆို​လျက် ယေ​ရှု​ကို​ရိုက်​ပုတ်​လေ​၏။

23. ယေ​ရှု​က​လည်း “ငါ​ပြော​သော​အ​ရာ​မ​မှန်​လျှင် မ​မှန်​သည့်​အ​ကြောင်း​ကို ထောက်​ပြ​လော့။ မှန်​သည်​ဆို​လျှင် အ​ဘယ်​ကြောင့် ငါ့​ကို​ရိုက်​သ​နည်း”​ဟု ထို​သူ​အား မိန့်​တော်​မူ​၏။