Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18:1-5 Myanmar Standard Bible (MSB)

1. ယေ​ရှု​သည် ထို​သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက် တ​ပည့်​တော်​တို့​နှင့်​အ​တူ ကေ​ဒြုန်​ချောင်း​တစ်​ဖက်​သို့ ထွက်​သွား​တော်​မူ​၏။ ထို​အ​ရပ်​၌ ဥ​ယျာဉ်​တစ်​ခု​ရှိ​၍ ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ထို​ဥ​ယျာဉ်​ထဲ​သို့​ဝင်​တော်​မူ​၏။

2. ယေ​ရှု​သည် ထို​အ​ရပ်​တွင် တ​ပည့်​တော်​တို့​နှင့် မ​ကြာ​ခ​ဏ​စု​ဝေး​လေ့​ရှိ​သော​ကြောင့် ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ ယု​ဒ​သည်​လည်း ထို​အ​ရပ်​ကို​သိ​ထား​၏။

3. သို့​ဖြစ်​၍ ယု​ဒ​သည် တပ်​ဖွဲ့​တစ်​ဖွဲ့​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​က စေ​လွှတ်​လိုက်​သော​အ​စောင့်​တပ်​သား​များ​ကို​လည်း​ကောင်း ခေါ်​ဆောင်​၍ ထို​အ​ရပ်​သို့​ရောက်​လာ​၏။ ထို​သူ​တို့​သည် မီး​အိမ်၊ မီး​ရှူး​နှင့် လက်​နက်​များ​ကို​ကိုင်​ဆောင်​ထား​ကြ​၏။

4. ယေ​ရှု​သည် မိ​မိ​၌​ဖြစ်​လာ​မည့်​အ​ရာ​အ​လုံး​စုံ​တို့​ကို သိ​နှင့်​တော်​မူ​သော​ကြောင့် ထွက်​လာ​၍ “မည်​သူ့​ကို​ရှာ​ကြ​သ​နည်း”​ဟု မေး​တော်​မူ​လျှင်

5. သူ​တို့​က “နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို​ရှာ​သည်”​ဟု ပြန်​ပြော​ကြ​၏။ ကိုယ်​တော်​က​လည်း “ငါ​ဖြစ်​သည်”​ဟု မိန့်​တော်​မူ​၏။ ကိုယ်​တော်​ကို​အပ်​နှံ​သူ ယု​ဒ​သည်​လည်း ထို​သူ​တို့​နှင့်​အ​တူ​ရပ်​လျက်​နေ​၏။