Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 17:2-13 Myanmar Standard Bible (MSB)

2. အ​ကြောင်း​မှာ ကိုယ်​တော်​သည် သား​တော်​အား လူ​သား​အား​လုံး​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပြီ။ ဤ​သည်​ကား သား​တော်​သည် ကိုယ်​တော်​ပေး​အပ်​တော်​မူ​သ​မျှ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန်​အ​တွက်​ဖြစ်​ပါ​၏။

3. ထာ​ဝ​ရ​အ​သက်​ဟူ​သည်​မှာ တစ်​ဆူ​တည်း​သော စစ်​မှန်​သည့်​ဘု​ရား​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​ကို​လည်း​ကောင်း သိ​ကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။

4. အ​ကျွန်ုပ်​ဆောင်​ရွက်​ရန် ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​အ​မှု​တော်​ကို အ​ကျွန်ုပ်​သည် ပြီး​မြောက်​စေ​၍ ကိုယ်​တော်​၏​ဘုန်း​တော်​ကို မြေ​ကြီး​ပေါ်​၌​ထင်​ရှား​စေ​ပါ​ပြီ။

5. အို အ​ဖ၊ ဤ​ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ကိုယ်​တော်​နှင့်​အ​တူ အ​ကျွန်ုပ်​ခံ​စား​ရ​သော​ဘုန်း​အ​သ​ရေ​တော်​အား​ဖြင့် ယ​ခု​ပင် အ​ကျွန်ုပ်​ကို အ​ထံ​တော်​ပါး​၌ ဘုန်း​ထင်​ရှား​စေ​တော်​မူ​ပါ။

6. ဤ​လော​က​ထဲ​မှ ကိုယ်​တော်​ရွေး​ကောက်​၍ အ​ကျွန်ုပ်​ထံ​ပေး​အပ်​တော်​မူ​သော​သူ​တို့​အား ကိုယ်​တော်​၏​နာ​မ​တော်​ကို အ​ကျွန်ုပ်​ထင်​ရှား​စေ​ပါ​ပြီ။ ထို​သူ​တို့​သည် ကိုယ်​တော်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​၍ ကိုယ်​တော်​သည် သူ​တို့​ကို အ​ကျွန်ုပ်​ထံ​ပေး​အပ်​တော်​မူ​၏။ သူ​တို့​သည်​လည်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တ​ရား​ကို လိုက်​နာ​စောင့်​ထိန်း​ကြ​ပါ​ပြီ။

7. အ​ကျွန်ုပ်​အား ကိုယ်​တော်​ပေး​တော်​မူ​သော​အ​ရာ​အား​လုံး​တို့​သည် ကိုယ်​တော်​ထံ​မှ​ဖြစ်​ကြောင်း ယ​ခု သူ​တို့​သိ​ကြ​ပါ​ပြီ။

8. အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​အား ကိုယ်​တော်​ပေး​တော်​မူ​သော​နှုတ်​က​ပတ်​တ​ရား​တို့​ကို အ​ကျွန်ုပ်​သည် သူ​တို့​အား ပေး​အပ်​သ​ဖြင့် သူ​တို့​သည် ခံ​ယူ​ကြ​ကာ ကိုယ်​တော်​ထံ​မှ အ​ကျွန်ုပ်​ကြွ​လာ​ခဲ့​ကြောင်း​ကို အ​မှန်​ပင်​သိ​ရှိ​လျက် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ကြောင်း​ကို​လည်း ယုံ​ကြည်​ကြ​ပါ​ပြီ။

9. သူ​တို့​အ​တွက် အ​ကျွန်ုပ်​တောင်း​လျှောက်​ပါ​၏။ အ​ကျွန်ုပ်​ထံ​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​သည် ကိုယ်​တော်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​သော​ကြောင့် ဤ​လော​က​အ​တွက်​မ​ဟုတ်​ဘဲ သူ​တို့​အ​တွက်​တောင်း​လျှောက်​ပါ​၏။

10. အ​ကျွန်ုပ်​ပိုင်​သော​အ​ရာ​အား​လုံး​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ​ပြီး ကိုယ်​တော်​ပိုင်​သော​အ​ရာ​တို့​ကို​လည်း အ​ကျွန်ုပ်​ပိုင်​သည်​ဖြစ်​၍ အ​ကျွန်ုပ်​သည် ထို​အ​ရာ​များ​အား​ဖြင့် ဘုန်း​ထင်​ရှား​ခြင်း​ရှိ​ပါ​ပြီ။

11. အ​ကျွန်ုပ်​သည် ဤ​လော​က​၌​ရှိ​တော့​မည်​မ​ဟုတ်​ပါ။ သူ​တို့​မူ​ကား ဤ​လော​က​၌​ရှိ​ကြ​ပါ​မည်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့​လာ​ပါ​၏။ သန့်​ရှင်း​တော်​မူ​သော​အ​ဖ၊ သူ​တို့​သည် အ​ကျွန်ုပ်​တို့​နည်း​တူ တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​ရန် အ​ကျွန်ုပ်​ထံ​ပေး​အပ်​တော်​မူ​သော ဤ​သူ​တို့​ကို ကိုယ်​တော်​၏​နာ​မ​တော်​၌ စောင့်​ရှောက်​တော်​မူ​ပါ။

12. အ​ကျွန်ုပ်​သည် သူ​တို့​နှင့်​အ​တူ​ရှိ​စဉ်​တွင် အ​ကျွန်ုပ်​အား ကိုယ်​တော်​ပေး​တော်​မူ​သော ကိုယ်​တော်​၏​နာ​မ​တော်​၌ သူ​တို့​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ခဲ့​ပါ​၏။ သူ​တို့​တွင် ပျက်​စီး​ခြင်း​၏​သား​မှ​တစ်​ပါး မည်​သူ​မျှ​မ​ပျက်​စီး​ခဲ့​ပါ။ ထို​သူ​ပျက်​စီး​ခဲ့​ရ​ခြင်း​မှာ ကျမ်း​စာ​ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

13. ယ​ခု ကိုယ်​တော်​ထံ​သို့ အ​ကျွန်ုပ်​လာ​ပါ​၏။ သူ​တို့​သည် အ​ကျွန်ုပ်​၏​ဝမ်း​မြောက်​ခြင်း​ကို မိ​မိ​တို့​၌ အ​ပြည့်​အ​ဝ​ခံ​စား​ရ​မည့်​အ​ကြောင်း ဤ​လော​က​၌​နေ​စဉ် ဤ​အ​ရာ​များ​ကို အ​ကျွန်ုပ်​ပြော​ပါ​၏။