Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 17:16-26 Myanmar Standard Bible (MSB)

16. အ​ကျွန်ုပ်​သည် ဤ​လော​က​နှင့်​မ​ဆိုင်​သ​ကဲ့​သို့ သူ​တို့​သည်​လည်း ဤ​လော​က​နှင့်​မ​ဆိုင်​ကြ​ပါ။

17. သမ္မာ​တ​ရား​အား​ဖြင့် သူ​တို့​ကို​သန့်​ရှင်း​စေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် သမ္မာ​တ​ရား​ဖြစ်​ပါ​၏။

18. ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ဤ​လော​က​ထဲ​သို့ စေ​လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ကျွန်ုပ်​သည် သူ​တို့​ကို ဤ​လော​က​ထဲ​သို့ စေ​လွှတ်​ပါ​၏။

19. သူ​တို့​သည်​လည်း သမ္မာ​တ​ရား​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​ကြ​မည့်​အ​ကြောင်း အ​ကျွန်ုပ်​သည် သူ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​သန့်​ရှင်း​စေ​ပါ​၏။

20. သူ​တို့​အ​တွက်​သာ​မ​က​ဘဲ သူ​တို့​ဟော​ပြော​သော​သ​တင်း​စ​ကား​အား​ဖြင့် အ​ကျွန်ုပ်​ကို​ယုံ​ကြည်​လာ​သော​သူ​များ​အ​တွက်​လည်း အ​ကျွန်ုပ်​တောင်း​လျှောက်​ပါ​၏။

21. အို အ​ဖ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​၌​ရှိ​တော်​မူ​၍ အ​ကျွန်ုပ်​သည် ကိုယ်​တော်​၌​ရှိ​သ​ကဲ့​သို့ ထို​သူ​အ​ပေါင်း​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​လျက် သူ​တို့​သည်​လည်း အ​ကျွန်ုပ်​တို့​၌​ရှိ​ကြ​မည့်​အ​ကြောင်း တောင်း​လျှောက်​ပါ​၏။ ဤ​သည်​ကား ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ကြောင်း လော​ကီ​သား​တို့​ယုံ​ကြည်​ကြ​ရန်​အ​တွက်​ဖြစ်​၏။

22. အ​ကျွန်ုပ်​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​သ​ကဲ့​သို့ သူ​တို့​သည်​လည်း တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ​စေ​ရန် အ​ကျွန်ုပ်​အား ကိုယ်​တော်​ပေး​တော်​မူ​သော​ဘုန်း​အ​သ​ရေ​တော်​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး​ပါ​ပြီ။

23. အ​ကျွန်ုပ်​သည် သူ​တို့​၌​ရှိ​၍ ကိုယ်​တော်​သည် အ​ကျွန်ုပ်​၌​ရှိ​ပါ​၏။ ဤ​သည်​ကား သူ​တို့​ကို တစ်​လုံး​တစ်​ဝ​တည်း​၌​ပြီး​ပြည့်​စုံ​စေ​ရန်​ဖြစ်​ပြီး ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ကြောင်း​နှင့် အ​ကျွန်ုပ်​ကို ကိုယ်​တော်​ချစ်​သ​ကဲ့​သို့ သူ​တို့​ကို​လည်း ချစ်​တော်​မူ​ကြောင်း​ကို လော​ကီ​သား​တို့​သိ​ကြ​စေ​ရန်​ဖြစ်​ပါ​၏။

24. အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​တော်​မူ​၍ အ​ကျွန်ုပ်​အား​ပေး​တော်​မူ​သော​အ​ကျွန်ုပ်​၏​ဘုန်း​အ​သ​ရေ​ကို အ​ကျွန်ုပ်​ထံ​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သော​သူ​တို့​သည် ရှု​မြင်​ကြ​ရ​ရန် သူ​တို့​ကို အ​ကျွန်ုပ်​ရှိ​ရာ​အ​ရပ်​၌ အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​စေ​လို​ပါ​၏။

25. ဖြောင့်​မတ်​တော်​မူ​သော​အ​ဖ၊ ဤ​လော​က​သည် ကိုယ်​တော်​ကို​မ​သိ​သော်​လည်း အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​သိ​ပါ​၏။ ဤ​သူ​တို့​သည်​လည်း အ​ကျွန်ုပ်​ကို ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​သိ​ကြ​ပါ​ပြီ။

26. အ​ကျွန်ုပ်​ကို ကိုယ်​တော်​ချစ်​တော်​မူ​သော​ချစ်​ခြင်း​မေတ္တာ​သည် သူ​တို့​၌​တည်​ရှိ​၍ အ​ကျွန်ုပ်​သည်​လည်း သူ​တို့​၌​တည်​ရှိ​ရန် ကိုယ်​တော်​၏​နာ​မ​တော်​ကို သူ​တို့​အား အ​ကျွန်ုပ်​သိ​စေ​ပါ​ပြီ။ ဆက်​လက်​၍​လည်း သိ​စေ​ပါ​ဦး​မည်”​ဟု မြွက်​ဆို​တော်​မူ​၏။