Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 17:1-3 Myanmar Standard Bible (MSB)

1. ယေ​ရှု​သည် ဤ​အ​ရာ​များ​ကို​မိန့်​တော်​မူ​ပြီး​နောက် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် “အို အ​ဖ၊ အ​ချိန်​ရောက်​ပါ​ပြီ။ သား​တော်​သည် ကိုယ်​တော်​၏​ဘုန်း​တော်​ကို​ထင်​ရှား​စေ​နိုင်​ရန် သား​တော်​၏​ဘုန်း​ကို​ထင်​ရှား​စေ​တော်​မူ​ပါ။

2. အ​ကြောင်း​မှာ ကိုယ်​တော်​သည် သား​တော်​အား လူ​သား​အား​လုံး​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပြီ။ ဤ​သည်​ကား သား​တော်​သည် ကိုယ်​တော်​ပေး​အပ်​တော်​မူ​သ​မျှ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို​ပေး​နိုင်​ရန်​အ​တွက်​ဖြစ်​ပါ​၏။

3. ထာ​ဝ​ရ​အ​သက်​ဟူ​သည်​မှာ တစ်​ဆူ​တည်း​သော စစ်​မှန်​သည့်​ဘု​ရား​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​တော်​ကို​လည်း​ကောင်း သိ​ကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။