Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 15:25-27 Myanmar Standard Bible (MSB)

25. ဤ​သို့​ဖြစ်​ခြင်း​မှာ သူ​တို့​၏​ပ​ညတ်​တ​ရား​ကျမ်း​၌ ‘ထို​သူ​တို့​သည် အ​ကြောင်း​မဲ့ ငါ့​ကို​မုန်း​ကြ​၏’​ဟု ရေး​ထား​သော​စ​ကား ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

26. ခ​မည်း​တော်​ထံ​မှ သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည့် ကူ​ညီ​မ​စ​သူ​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ​လာ​သည့် သမ္မာ​တ​ရား​၏​ဝိ​ညာဉ်​တော်​ရောက်​လာ​သော​အ​ခါ ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။

27. သင်​တို့​သည်​လည်း အ​စ​အ​ဦး​က​ပင် ငါ​နှင့်​အ​တူ​ရှိ​ကြ​သော​ကြောင့် သက်​သေ​ခံ​ကြ​လိမ့်​မည်။