Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 15:19-27 Myanmar Standard Bible (MSB)

19. သင်​တို့​သည် ဤ​လော​က​နှင့်​ဆိုင်​ခဲ့​လျှင် လော​ကီ​သား​တို့​သည် မိ​မိ​တို့​နှင့်​ဆိုင်​သော​သင်​တို့​ကို ချစ်​ခဲ့​ကြ​ပေ​လိမ့်​မည်။ သို့​သော် သင်​တို့​သည် ဤ​လော​က​နှင့်​မ​ဆိုင်။ ငါ​သည် သင်​တို့​ကို ဤ​လော​က​မှ ရွေး​ကောက်​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် လော​ကီ​သား​တို့​သည် သင်​တို့​ကို​မုန်း​ကြ​၏။

20. ‘ကျွန်​သည် သူ့​သ​ခင်​ထက် ကြီး​မြတ်​သည်​မ​ဟုတ်’​ဟု သင်​တို့​အား ငါ​ပြော​ခဲ့​သည့်​စ​ကား​ကို သ​တိ​ရ​ကြ​လော့။ လူ​တို့​သည် ငါ့​ကို​ညှဉ်း​ဆဲ​ခဲ့​လျှင် သင်​တို့​ကို​လည်း ညှဉ်း​ဆဲ​ကြ​လိမ့်​မည်။ ငါ့​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​ခဲ့​လျှင် သင်​တို့​၏​စ​ကား​ကို​လည်း လိုက်​နာ​စောင့်​ထိန်း​ကြ​လိမ့်​မည်။

21. သို့​ရာ​တွင် သူ​တို့​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို မ​သိ​ကြ​သ​ဖြင့် ငါ​၏​နာ​မ​ကြောင့် သင်​တို့​အ​ပေါ် ထို​အ​မှု​အ​ရာ​အား​လုံး​တို့​ကို ပြု​ကြ​လိမ့်​မည်။

22. ငါ​သည်​လာ​၍ သူ​တို့​အား မ​ဟော​ပြော​ခဲ့​လျှင် သူ​တို့​၌​အ​ပြစ်​မ​ရှိ။ သို့​သော် ယ​ခု​အ​ခါ သူ​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​အ​တွက် ဆင်​ခြေ​ပေး​၍​မ​ရ​နိုင်​ကြ။

23. ငါ့​ကို​မုန်း​သော​သူ​သည် ငါ့​ခ​မည်း​တော်​ကို​လည်း​မုန်း​၏။

24. အ​ခြား​မည်​သူ​မျှ မ​ပြု​ဖူး​သော​အ​မှု​များ​ကို သူ​တို့​ရှေ့​၌ ငါ​မ​ပြု​ခဲ့​လျှင် သူ​တို့​၌​အ​ပြစ်​မ​ရှိ။ ယ​ခု​မူ​ကား သူ​တို့​သည် ထို​အ​မှု​တို့​ကို​မြင်​ရ​လျက်​နှင့်​ပင် ငါ​နှင့်​ငါ့​ခ​မည်း​တော်​ကို မုန်း​ကြ​၏။

25. ဤ​သို့​ဖြစ်​ခြင်း​မှာ သူ​တို့​၏​ပ​ညတ်​တ​ရား​ကျမ်း​၌ ‘ထို​သူ​တို့​သည် အ​ကြောင်း​မဲ့ ငါ့​ကို​မုန်း​ကြ​၏’​ဟု ရေး​ထား​သော​စ​ကား ပြည့်​စုံ​စေ​ရန်​ဖြစ်​၏။

26. ခ​မည်း​တော်​ထံ​မှ သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​မည့် ကူ​ညီ​မ​စ​သူ​တည်း​ဟူ​သော ခ​မည်း​တော်​ထံ​မှ​လာ​သည့် သမ္မာ​တ​ရား​၏​ဝိ​ညာဉ်​တော်​ရောက်​လာ​သော​အ​ခါ ငါ့​အ​ကြောင်း​ကို သက်​သေ​ခံ​လိမ့်​မည်။

27. သင်​တို့​သည်​လည်း အ​စ​အ​ဦး​က​ပင် ငါ​နှင့်​အ​တူ​ရှိ​ကြ​သော​ကြောင့် သက်​သေ​ခံ​ကြ​လိမ့်​မည်။