Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13:36-38 Myanmar Standard Bible (MSB)

36. ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​မည်​သည့်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း”​ဟု မေး​လျှောက်​လျှင် ယေ​ရှု​က “ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည် ယ​ခု​မ​လိုက်​နိုင်။ သို့​သော် နောင်​အ​ခါ​တွင် လိုက်​ရ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

37. ပေ​တ​ရု​က​လည်း “သ​ခင်​ဘု​ရား၊ အ​ဘယ်​ကြောင့် ကိုယ်​တော့်​နောက်​သို့ ယ​ခု​မ​လိုက်​နိုင်​ရ​သ​နည်း။ ကိုယ်​တော့်​အ​တွက် အ​ကျွန်ုပ်​၏​အ​သက်​ကို​စွန့်​ပါ​မည်”​ဟု လျှောက်​လေ​၏။

38. ယေ​ရှု​က “ငါ့​အ​တွက် သင်​၏​အ​သက်​ကို​စွန့်​မည်​လော။ သင့်​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ပယ်​လိမ့်​မည်။