8. အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့တွင်အစဉ်ရှိကြ၏။ ငါမူကား သင်တို့တွင်အစဉ်ရှိသည်မဟုတ်”ဟု မိန့်တော်မူ၏။
9. များစွာသောဂျူးလူမျိုးအစုအဝေးသည် ထိုအရပ်၌ ယေရှုရှိတော်မူကြောင်းကို ကြားသိသဖြင့် ယေရှုကြောင့်သာမဟုတ်ဘဲ သေသောသူတို့ထဲမှ ကိုယ်တော်ထမြောက်စေတော်မူသော လာဇရုကိုလည်းတွေ့မြင်ရရန် ရောက်လာကြ၏။
10. ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် လာဇရုကိုလည်းသတ်ရန် တိုင်ပင်ကြံစည်ကြ၏။
11. အဘယ်ကြောင့်ဆိုသော် များစွာသောဂျူးလူမျိုးတို့သည် လာဇရုကြောင့် သူတို့ကိုစွန့်ခွာ၍ ယေရှုကိုယုံကြည်ကြသောကြောင့်ဖြစ်၏။
12. နောက်တစ်နေ့တွင် ပွဲတော်သို့ရောက်လာသည့် များစွာသောလူထုပရိသတ်တို့သည် ဂျေရုဆလင်မြို့သို့ ယေရှုကြွလာတော်မူမည်ဟုကြားသိသဖြင့်
13. စွန်ပလွံခက်များကိုကိုင်ဆောင်လျက် ကိုယ်တော်ကိုကြိုဆိုရန် ထွက်သွားကြ၍ “ဟောရှဏ္ဏ၊ ထာဝရဘုရား၏နာမတော်အားဖြင့် ကြွလာတော်မူသောအရှင်၊ အစ္စရေးဘုရင်သည် မင်္ဂလာရှိစေသတည်း”ဟု ကြွေးကြော်ကြ၏။
14. ယေရှုသည် မြည်းငယ်ကိုတွေ့၍ စီးတော်မူ၏။