Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:31-45 Myanmar Standard Bible (MSB)

31. ယ​ခု​သည် ဤ​လော​က​၏​တ​ရား​စီ​ရင်​ခြင်း​ကာ​လ​ဖြစ်​၏။ ဤ​လော​က​ကို​အုပ်​ချုပ်​သူ​သည် ယ​ခု နှင်​ထုတ်​ခြင်း​ခံ​ရ​မည်။

32. ငါ​သည်​လည်း မြေ​မှ မြှောက်​ထား​ခြင်း​ခံ​ရ​သော​အ​ခါ လူ​ခပ်​သိမ်း​တို့​ကို ငါ့​ထံ​သို့​ဆွဲ​ငင်​မည်”​ဟု မိန့်​တော်​မူ​၏။

33. ဤ​သို့​မိန့်​တော်​မူ​ခြင်း​မှာ မိ​မိ​သည်​မည်​သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အ​သေ​ခံ​ရ​မည်​ကို အ​ရိပ်​အ​မြွက်​မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။

34. ထို​အ​ခါ လူ​ထု​ပ​ရိ​သတ်​က “ခ​ရစ်​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​တော်​မူ​၏​ဟု ပ​ညတ်​တ​ရား​ကျမ်း​အား​ဖြင့် အ​ကျွန်ုပ်​တို့​ကြား​သိ​ထား​သည်။ သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​ကြောင့် ‘လူ့​သား​သည် မြှောက်​ထား​ခြင်း​ခံ​ရ​မည်’​ဟု ဆို​သ​နည်း။ ဤ​လူ့​သား​ဆို​သူ​မှာ မည်​သူ​နည်း”​ဟု မေး​မြန်း​ကြ​၏။

35. ယေ​ရှု​က​လည်း “အ​လင်း​သည် သင်​တို့​တွင် နောက်​ထပ် ခ​ဏ​ရှိ​ဦး​မည်။ သင်​တို့​အား မှောင်​မိုက်​မ​လွှမ်း​မိုး​စေ​ရန် အ​လင်း​ရှိ​ခိုက် သွား​လာ​ကြ​လော့။ မှောင်​မိုက်​၌​သွား​လာ​သော​သူ​သည် မိ​မိ​မည်​သည့်​အ​ရပ်​သို့​သွား​သည်​ကို​မ​သိ။

36. သင်​တို့​သည် အ​လင်း​၏​သား​များ​ဖြစ်​ကြ​ရန် သင်​တို့​တွင် အ​လင်း​ရှိ​ခိုက် အ​လင်း​ကို​ယုံ​ကြည်​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ ယေ​ရှု​သည် ဤ​အ​ရာ​များ​ကို ဟော​ပြော​တော်​မူ​ပြီး​နောက် ထွက်​သွား​၍ သူ​တို့​ကို တိမ်း​ရှောင်​လျက်​နေ​တော်​မူ​၏။

37. ယေ​ရှု​သည် ဤ​မျှ​လောက်​များ​ပြား​သော နိ​မိတ်​လက္ခ​ဏာ​တို့​ကို သူ​တို့​ရှေ့​မှောက်​၌ ပြု​တော်​မူ​သော်​လည်း သူ​တို့​သည် ကိုယ်​တော်​ကို​မ​ယုံ​ကြည်​ကြ​ပေ။

38. ဤ​သည်​ကား “အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​သ​တင်း​စ​ကား​ကို မည်​သူ​ယုံ​ကြည်​ပါ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​၏​လက်​ရုံး​တော်​သည် မည်​သူ့​ထံ ဖော်​ပြ​ခြင်း​ခံ​ရ​ပါ​သ​နည်း”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​ဟော​ပြော​ထား​သော​စ​ကား ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

39. သူ​တို့​မ​ယုံ​ကြည်​နိုင်​သည့်​အ​ကြောင်း​မှာ ဟေ​ရှာ​ယ​က

40. “သူ​တို့​သည် မျက်​စိ​ဖြင့်​မြင်​၍ စိတ်​နှ​လုံး​ဖြင့်​နား​လည်​ကာ ပြောင်း​လဲ​ကြ​သ​ဖြင့် သူ​တို့​ကို​ကျန်း​မာ​စေ​ရ​မည့်​အ​ဖြစ်​မျိုး​မ​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​ကို ကွယ်​စေ​တော်​မူ​၍ သူ​တို့​၏​စိတ်​နှ​လုံး​ကို မာ​ကျော​စေ​တော်​မူ​၏”​ဟု ထပ်​မံ​၍ ဟော​ပြော​ခဲ့​သော​ကြောင့်​ဖြစ်​၏။

41. ဟေ​ရှာ​ယ​သည် ယေ​ရှု​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​သော​ကြောင့် ဤ​သို့​ပြော​ဆို​ပြီး ကိုယ်​တော်​၏​အ​ကြောင်း​ကို ဟော​ပြော​ခဲ့​ခြင်း​ဖြစ်​၏။

42. မည်​သို့​ပင်​ဖြစ်​စေ အ​ကြီး​အ​ကဲ​တို့​တွင်​လည်း ကိုယ်​တော်​ကို​ယုံ​ကြည်​သော​သူ​များ​စွာ​ရှိ​ကြ​၏။ သို့​သော် သူ​တို့​သည် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ ထုတ်​ပယ်​ခြင်း​ခံ​ရ​မည်​ကို စိုး​ရိမ်​သ​ဖြင့် ဖာ​ရိ​ရှဲ​တို့​ကြောင့် ဖွင့်​မ​ပြော​ဘဲ​နေ​ကြ​၏။

43. အ​ကြောင်း​မူ​ကား သူ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သော​ဘုန်း​အ​သ​ရေ​ထက် လူ​တို့​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ပို​၍​နှစ်​သက်​ကြ​၏။

44. တစ်​ဖန် ယေ​ရှု​က “ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ့​ကို​ယုံ​ကြည်​သည်​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​ယုံ​ကြည်​၏။

45. ငါ့​ကို​မြင်​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​မြင်​၏။