Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 12:19-32 Myanmar Standard Bible (MSB)

19. ထို့​ကြောင့် ဖာ​ရိ​ရှဲ​တို့​က “တွေ့​သ​လော။ သင်​တို့​လုပ်​ရပ်​တစ်​ခု​မျှ​အ​ကျိုး​မ​ရှိ။ ကြည့်​ပါ။ တစ်​ကမ္ဘာ​လုံး သူ့​နောက်​သို့​လိုက်​သွား​ကြ​ပြီ”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

20. ပွဲ​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန် တက်​လာ​ကြ​သော​သူ​တို့​ထဲ​၌ ဂ​ရိ​လူ​မျိုး​အ​ချို့​ပါ​၏။

21. သူ​တို့​သည် ဂါ​လိ​လဲ​နယ်၊ ဗက်​ဇဲ​ဒ​မြို့​သား ဖိ​လိပ္ပု​ထံ​ချဉ်း​ကပ်​၍ “ဆ​ရာ၊ အ​ကျွန်ုပ်​တို့​သည် ယေ​ရှု​ကို​တွေ့​မြင်​လို​ပါ​သည်”​ဟု တောင်း​ဆို​ကြ​၏။

22. ဖိ​လိပ္ပု​သည်​သွား​၍ အန္ဒြေ​ကို​ပြော​ပြ​ပြီး​လျှင် အန္ဒြေ​နှင့်​ဖိ​လိပ္ပု​တို့​သည်​လာ​၍ ယေ​ရှု​ထံ​လျှောက်​ထား​ကြ​၏။

23. ထို​အ​ခါ ယေ​ရှု​က “လူ့​သား​ကို ဘုန်း​တော်​ထင်​ရှား​စေ​မည့်​အ​ချိန် ရောက်​လာ​ပြီ။

24. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ဂျုံ​စေ့​တစ်​စေ့​သည် မြေ​၌​ကျ​၍ မ​ပျက်​စီး​လျှင် တစ်​စေ့​တည်း​ရှိ​နေ​၏။ ပျက်​စီး​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို ဖြစ်​ထွန်း​စေ​တတ်​၏။

25. မိ​မိ​အ​သက်​ကို​တွယ်​တာ​သော​သူ​သည် အ​သက်​ဆုံး​ရှုံး​လိမ့်​မည်။ ဤ​လော​က​၌ မိ​မိ​အ​သက်​ကို​မုန်း​သော​သူ​မူ​ကား ထို​အ​သက်​ကို ထာ​ဝ​ရ​အ​သက်​အ​တွက် စောင့်​ရှောက်​လိမ့်​မည်။

26. မည်​သူ​မ​ဆို ငါ​၏​အ​မှု​ကို​ဆောင်​ရွက်​မည်​ဆို​လျှင် ထို​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ ထို​အ​ခါ ငါ​ရှိ​ရာ​အ​ရပ်​၌ ငါ​၏​အ​မှု​ဆောင်​လည်း​ရှိ​လိမ့်​မည်။ မည်​သူ​မ​ဆို ငါ​၏​အ​မှု​ကို​ဆောင်​ရွက်​မည်​ဆို​လျှင် ထို​သူ​ကို ခ​မည်း​တော်​သည် ချီး​မြှောက်​တော်​မူ​လိမ့်​မည်။

27. ယ​ခု ငါ့​စိတ်​ပူ​ပန်​လျက်​ရှိ​၏။ ငါ​မည်​သို့​လျှောက်​ရ​ပါ​မည်​နည်း။ ‘အို အ​ဖ၊ ဤ​အ​ချိန်​နာ​ရီ​မှ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ’​ဟူ​၍ လျှောက်​ရ​ပါ​မည်​လော။ သို့​ရာ​တွင် ငါ​သည် ဤ​အ​တွက်​ကြောင့် ယ​ခု​အ​ချိန်​နာ​ရီ​သို့ ရောက်​လာ​ခဲ့​၏။

28. ‘အို အ​ဖ၊ ကိုယ်​တော်​၏​နာ​မ​တော်​အား ဘုန်း​တော်​ထင်​ရှား​စေ​တော်​မူ​ပါ’”​ဟု မြွက်​ဆို​တော်​မူ​၏။ ထို​အ​ခါ “ငါ​သည် ဘုန်း​တော်​ထင်​ရှား​စေ​ခဲ့​ပြီ။ နောက်​တစ်​ဖန်​လည်း ထင်​ရှား​စေ​ဦး​မည်”​ဟု ကောင်း​ကင်​မှ​အ​သံ​တော်​လာ​၏။

29. အ​နီး​နား​၌​ရပ်​နေ​၍ ထို​အ​သံ​ကို​ကြား​ကြ​သော လူ​ထု​ပ​ရိ​သတ်​တို့​က “မိုး​ချုန်း​သည်”​ဟု ဆို​ကြ​၏။ အ​ခြား​သော​သူ​တို့​က​မူ “ကောင်း​ကင်​တ​မန်​က သူ့​ကို​မြွက်​ဆို​သည်”​ဟု ဆို​ကြ​၏။

30. ယေ​ရှု​က​လည်း “ဤ​အ​သံ​တော်​သည် ငါ့​အ​တွက်​မ​ဟုတ်​ဘဲ သင်​တို့​အ​တွက်​လာ​၏။

31. ယ​ခု​သည် ဤ​လော​က​၏​တ​ရား​စီ​ရင်​ခြင်း​ကာ​လ​ဖြစ်​၏။ ဤ​လော​က​ကို​အုပ်​ချုပ်​သူ​သည် ယ​ခု နှင်​ထုတ်​ခြင်း​ခံ​ရ​မည်။

32. ငါ​သည်​လည်း မြေ​မှ မြှောက်​ထား​ခြင်း​ခံ​ရ​သော​အ​ခါ လူ​ခပ်​သိမ်း​တို့​ကို ငါ့​ထံ​သို့​ဆွဲ​ငင်​မည်”​ဟု မိန့်​တော်​မူ​၏။