1. ပသခါပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ကြွတော်မူ၏။ ထိုရွာသည် သေသောသူတို့ထဲမှ ယေရှုထမြောက်စေခဲ့သော လာဇရုနေထိုင်ရာအရပ်ဖြစ်၏။
2. လူတို့သည် ထိုအရပ်၌ ကိုယ်တော်အတွက် ညစာကိုပြင်ဆင်ကြပြီး မာသသည် ဧည့်ဝတ်ပြုနေ၏။ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်နေသူများထဲတွင် လာဇရုလည်းပါ၏။
3. ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်နှစ်ဆယ်သားကိုယူ၍ ယေရှု၏ခြေတော်ကိုလိမ်းသပ်ကာ မိမိဆံပင်နှင့် ခြေတော်ကိုသုတ်သဖြင့် ထိုဆီမွှေး၏ရနံ့သည် တစ်အိမ်လုံးပျံ့နှံ့လေ၏။
4. သို့သော် တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်ပြီး ကိုယ်တော်ကိုအပ်နှံတော့မည့်သူ ယုဒဣရှကာရုတ်က
5. “အဘယ်ကြောင့် ဤဆီမွှေးကို ဒေနာရိသုံးရာနှင့်ရောင်း၍ ဆင်းရဲသားတို့အား မပေးကမ်းခဲ့သနည်း”ဟု ဆို၏။