Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 11:24-40 Myanmar Standard Bible (MSB)

24. မာ​သ​က “နောက်​ဆုံး​သော​နေ့​တည်း​ဟူ​သော ရှင်​ပြန်​ထ​မြောက်​ရာ​ကာ​လ​၌ သူ​ထ​မြောက်​မည်​ကို ကျွန်​မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

25. ယေ​ရှု​က​လည်း “ငါ​သည် ရှင်​ပြန်​ထ​မြောက်​ခြင်း​ဖြစ်​၏။ အ​သက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အ​သက်​ရှင်​လိမ့်​မည်။

26. အ​သက်​ရှင်​နေ​လျက် ငါ့​ကို​ယုံ​ကြည်​သော​သူ​တိုင်း ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ​မ​သေ​ရ။ ဤ​အ​ရာ​ကို သင်​ယုံ​ကြည်​သ​လော”​ဟု မိန့်​တော်​မူ​၏။

27. မာ​သ​က “ယုံ​ကြည်​ပါ​၏ သ​ခင်​ဘု​ရား။ ကိုယ်​တော်​သည် ဤ​လော​က​သို့​ကြွ​လာ​ရ​မည့် ဘု​ရား​သ​ခင်​၏​သား​တော် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ကျွန်​မ​ယုံ​ကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။

28. ထို​သို့​လျှောက်​ထား​ပြီး​နောက် မာ​သ​သည် ပြန်​သွား​၍ မိ​မိ​၏​ညီ​မ မာ​ရိ​ကို​ခေါ်​လျက် “ဆ​ရာ​ရောက်​လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်​တ​ဆိတ်​ပြော​လေ​၏။

29. မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ အ​လျင်​အ​မြန်​ထ​၍ ကိုယ်​တော်​ထံ​သို့​သွား​လေ​၏။

30. ယေ​ရှု​မူ​ကား ရွာ​ထဲ​သို့​မ​ဝင်​သေး​ဘဲ သူ့​အား မာ​သ​ဆီး​ကြို​ခဲ့​သော​အ​ရပ်​၌​ပင် ရှိ​တော်​မူ​၏။

31. အိမ်​၌ မာ​ရိ​နှင့်​အ​တူ​ရှိ​၍ သူ့​ကို​နှစ်​သိမ့်​နေ​သော​ဂျူး​လူ​မျိုး​တို့​သည် မာ​ရိ​အ​လျင်​အ​မြန်​ထ​၍ ထွက်​သွား​သည်​ကို​မြင်​ကြ​လျှင် ငို​ကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်​မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။

32. မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်​၍ ကိုယ်​တော်​ကို​မြင်​သော​အ​ခါ ခြေ​တော်​ရင်း​၌​ပျပ်​ဝပ်​လျက် “သ​ခင်​ဘု​ရား၊ ဤ​နေ​ရာ​၌ ကိုယ်​တော်​ရှိ​တော်​မူ​ခဲ့​လျှင် ကျွန်​မ​၏​မောင်​သေ​ဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

33. ယေ​ရှု​သည် မာ​ရိ​ငို​ကြွေး​နေ​သည်​ကို​လည်း​ကောင်း၊ လိုက်​လာ​သော​ဂျူး​လူ​မျိုး​တို့​သည်​လည်း ငို​ကြွေး​နေ​ကြ​သည်​ကို​လည်း​ကောင်း မြင်​တော်​မူ​လျှင် စိတ်​တော်​ထဲ​တွင်​ညည်း​တွား​လျက် ရင်​တွင်း​၌​မ​ငြိမ်​မ​သက်​ဖြစ်​ကာ

34. “သူ့​ကို​အ​ဘယ်​မှာ​သင်္ဂြိုဟ်​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။ သူ​တို့​က​လည်း “သ​ခင်​ဘု​ရား၊ ကြွ​၍​ကြည့်​ရှု​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

35. ယေ​ရှု​သည် မျက်​ရည်​ကျ​တော်​မူ​၏။

36. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “ကြည့်​ပါ။ လာ​ဇ​ရု​ကို အ​လွန်​ချစ်​ခင်​ပါ​သည်​တ​ကား”​ဟု ဆို​ကြ​၏။

37. သို့​သော် သူ​တို့​ထဲ​မှ​အ​ချို့​တို့​က “မျက်​မ​မြင်​ကို​မျက်​စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာ​ဇ​ရု​ကို​လည်း​မ​သေ​စေ​ရန် မ​တတ်​နိုင်​သ​လော”​ဟု ဆို​ကြ​၏။

38. ထို့​နောက် ယေ​ရှု​သည် နောက်​တစ်​ဖန် ရင်​တွင်း​၌ ညည်း​တွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို​သင်္ချိုင်း​ဂူ​သည် ကျောက်​လိုဏ်​ဂူ​ဖြစ်​ပြီး အ​ဝင်​ဝ​ကို ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။

39. ယေ​ရှု​က “ကျောက်​တုံး​ကို​ဖယ်​ရှား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ သေ​ဆုံး​သော​သူ​၏​အစ်​မ မာ​သ​က “သ​ခင်​ဘု​ရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​၍ ယ​ခု​ဆို​လျှင် အ​နံ့​ထွက်​နေ​ပါ​လိမ့်​မည်”​ဟု လျှောက်​လေ​၏။

40. ယေ​ရှု​က​လည်း “သင်​ယုံ​ကြည်​လျှင် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်​မည်​ဟူ​၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်​မူ​၏။