Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 11:12-23 Myanmar Standard Bible (MSB)

12. ထို​အ​ခါ တ​ပည့်​တော်​တို့​က “သ​ခင်​ဘု​ရား၊ သူ​အိပ်​ပျော်​ပြီ​ဆို​လျှင် သက်​သာ​ပါ​လိမ့်​မည်”​ဟု လျှောက်​ကြ​၏။

13. ယေ​ရှု​သည် လာ​ဇ​ရု​၏​သေ​ဆုံး​ခြင်း​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သော်​လည်း အ​နား​ယူ​အိပ်​စက်​ခြင်း​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ဟု တ​ပည့်​တော်​တို့​ထင်​မှတ်​ကြ​၏။

14. ထို့​ကြောင့် ယေ​ရှု​သည် သူ​တို့​အား အ​တိ​အ​လင်း​ပြော​ဆို​၍ “လာ​ဇ​ရု​သေ​ပြီ။

15. သို့​သော် သင်​တို့​ယုံ​ကြည်​ကြ​ရန် ထို​အ​ရပ်​၌ ငါ​မ​ရှိ​ခဲ့​သည်​ကို သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​၏။ မည်​သို့​ပင်​ဖြစ်​စေ သူ့​ထံ​သို့​သွား​ကြ​စို့”​ဟု မိန့်​တော်​မူ​၏။

16. ထို​အ​ခါ ဒိ​ဒု​မု​ဟု​ခေါ်​သည့်​သော​မ​က “ကိုယ်​တော်​နှင့်​အ​တူ​အ​သေ​ခံ​ရန် ငါ​တို့​လည်း လိုက်​သွား​ကြ​စို့”​ဟု အ​ခြား​တ​ပည့်​တော်​တို့​အား​ပြော​ဆို​၏။

17. ယေ​ရှု​ရောက်​တော်​မူ​သော​အ​ခါ လာ​ဇ​ရု​ကို ဂူ​သွင်း​သင်္ဂြိုဟ်​ပြီး လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​ကြောင်း​ကို တွေ့​ရှိ​တော်​မူ​၏။

18. ဗေ​သ​နိ​ရွာ​သည် ဂျေ​ရု​ဆ​လင်​မြို့​အ​နီး နှစ်​မိုင်​ခန့်​အ​ကွာ​၌​ရှိ​သည်​ဖြစ်​၍

19. များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် မာ​သ​နှင့်​မာ​ရိ​တို့​ကို သူ​တို့​၏​မောင်​အ​တွက်​နှစ်​သိမ့်​ရန် သူ​တို့​ထံ​သို့​ရောက်​နေ​ကြ​၏။

20. မာ​သ​သည် ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို​ကြား​သော​အ​ခါ ကိုယ်​တော်​ကို​ဆီး​ကြို​လေ​၏။ မာ​ရိ​မူ​ကား အိမ်​၌ ထိုင်​လျက်​နေ​၏။

21. မာ​သ​က ယေ​ရှု​အား “သ​ခင်​ဘု​ရား၊ ဤ​နေ​ရာ​၌ ကိုယ်​တော်​ရှိ​တော်​မူ​ခဲ့​လျှင် ကျွန်​မ​၏​မောင်​သေ​ဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။

22. သို့​သော် ဘု​ရား​သ​ခင်​ထံ ကိုယ်​တော်​တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို ကိုယ်​တော်​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဖြစ်​ကြောင်း ယ​ခု​လည်း ကျွန်​မ​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။

23. ယေ​ရှု​က​လည်း “သင်​၏​မောင်​သည် ထ​မြောက်​မည်”​ဟု မိန့်​တော်​မူ​လျှင်