Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 11:11-15 Myanmar Standard Bible (MSB)

11. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် “ငါ​တို့​၏​မိတ်​ဆွေ​လာ​ဇ​ရု​သည် အိပ်​ပျော်​လေ​ပြီ။ သို့​ရာ​တွင် သူ့​ကို​နှိုး​ရန် ငါ​သွား​မည်”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ တ​ပည့်​တော်​တို့​က “သ​ခင်​ဘု​ရား၊ သူ​အိပ်​ပျော်​ပြီ​ဆို​လျှင် သက်​သာ​ပါ​လိမ့်​မည်”​ဟု လျှောက်​ကြ​၏။

13. ယေ​ရှု​သည် လာ​ဇ​ရု​၏​သေ​ဆုံး​ခြင်း​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သော်​လည်း အ​နား​ယူ​အိပ်​စက်​ခြင်း​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ဟု တ​ပည့်​တော်​တို့​ထင်​မှတ်​ကြ​၏။

14. ထို့​ကြောင့် ယေ​ရှု​သည် သူ​တို့​အား အ​တိ​အ​လင်း​ပြော​ဆို​၍ “လာ​ဇ​ရု​သေ​ပြီ။

15. သို့​သော် သင်​တို့​ယုံ​ကြည်​ကြ​ရန် ထို​အ​ရပ်​၌ ငါ​မ​ရှိ​ခဲ့​သည်​ကို သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​၏။ မည်​သို့​ပင်​ဖြစ်​စေ သူ့​ထံ​သို့​သွား​ကြ​စို့”​ဟု မိန့်​တော်​မူ​၏။