Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 11:1-16 Myanmar Standard Bible (MSB)

1. ထို​အ​ခါ​၌ မာ​ရိ​နှင့်​သူ​၏​အစ်​မ​မာ​သ​တို့​နေ​ထိုင်​ရာ ဗေ​သ​နိ​ရွာ​မှ လာ​ဇ​ရု​ဆို​သူ​တစ်​ဦး​သည် နာ​မ​ကျန်း​ဖြစ်​နေ​၏။

2. ထို​မာ​ရိ​သည် သ​ခင်​ဘု​ရား​ကို​ဆီ​မွှေး​နှင့်​လိမ်း​၍ ခြေ​တော်​ကို မိ​မိ​ဆံ​ပင်​ဖြင့်​သုတ်​သော​သူ​ဖြစ်​ပြီး နာ​မ​ကျန်း​ဖြစ်​နေ​သော​လာ​ဇ​ရု​သည် သူ​၏​မောင်​ဖြစ်​၏။

3. ထို့​ကြောင့် ထို​ညီ​အစ်​မ​တို့​သည် ကိုယ်​တော်​ထံ​သို့ လူ​ကို​စေ​လွှတ်​၍ “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ချစ်​ခင်​တော်​မူ​သော​သူ​သည် နာ​မ​ကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်​ထား​ကြ​၏။

4. ယေ​ရှု​သည် ထို​အ​ကြောင်း​ကို​ကြား​လျှင် “ဤ​နာ​မ​ကျန်း​ဖြစ်​ခြင်း​သည် သေ​ခြင်း​သို့​ရောက်​စေ​ရန်​အ​တွက်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​အ​တွက်​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၏​သား​တော်​သည် ထို​အ​ခြင်း​အ​ရာ​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​ခြင်း​ရှိ​စေ​ရန်​အ​တွက်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

5. ယေ​ရှု​သည် မာ​သ၊ သူ​၏​ညီ​မ​နှင့် လာ​ဇ​ရု​တို့​ကို ချစ်​တော်​မူ​၏။

6. သို့​ဖြစ်​၍ လာ​ဇ​ရု​နာ​မ​ကျန်း​ဖြစ်​သည်​ကို ကြား​တော်​မူ​သော​အ​ခါ မိ​မိ​နေ​သော​အ​ရပ်​၌ နှစ်​ရက် ထပ်​၍​နေ​တော်​မူ​၏။

7. ထို့​နောက် တ​ပည့်​တော်​တို့​အား “ယု​ဒ​နယ်​သို့ နောက်​တစ်​ဖန်​သွား​ကြ​စို့”​ဟု မိန့်​တော်​မူ​၏။

8. တ​ပည့်​တော်​တို့​က “ရဗ္ဗိ၊ ဂျူး​လူ​မျိုး​တို့​သည် မ​ကြာ​သေး​မီ​က​ပင် ကိုယ်​တော်​ကို​ခဲ​နှင့်​ပေါက်​သတ်​ရန် ရှာ​ကြံ​နေ​ကြ​ပါ​လျက်​နှင့် ထို​အ​ရပ်​သို့ နောက်​တစ်​ဖန်​ကြွ​တော်​မူ​မည်​လော”​ဟု လျှောက်​ကြ​၏။

9. ယေ​ရှု​က​လည်း “နေ့​အ​ချိန်​သည် တစ်​ဆယ့်​နှစ်​နာ​ရီ​ရှိ​သည်​မ​ဟုတ်​လော။ မည်​သူ​မ​ဆို နေ့​အ​ချိန်​၌​သွား​လာ​လျှင် ဤ​လော​က​၏​အ​လင်း​ကို​မြင်​ရ​သော​ကြောင့် ခ​လုတ်​မ​တိုက်​မိ​တတ်။

10. သို့​သော် ည​အ​ချိန်​၌​သွား​လာ​လျှင် သူ​၌​အ​လင်း​မ​ရှိ​သော​ကြောင့် ခ​လုတ်​တိုက်​မိ​တတ်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

11. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက် “ငါ​တို့​၏​မိတ်​ဆွေ​လာ​ဇ​ရု​သည် အိပ်​ပျော်​လေ​ပြီ။ သို့​ရာ​တွင် သူ့​ကို​နှိုး​ရန် ငါ​သွား​မည်”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ တ​ပည့်​တော်​တို့​က “သ​ခင်​ဘု​ရား၊ သူ​အိပ်​ပျော်​ပြီ​ဆို​လျှင် သက်​သာ​ပါ​လိမ့်​မည်”​ဟု လျှောက်​ကြ​၏။

13. ယေ​ရှု​သည် လာ​ဇ​ရု​၏​သေ​ဆုံး​ခြင်း​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သော်​လည်း အ​နား​ယူ​အိပ်​စက်​ခြင်း​ကို​ရည်​ညွှန်း​၍ မိန့်​တော်​မူ​သည်​ဟု တ​ပည့်​တော်​တို့​ထင်​မှတ်​ကြ​၏။

14. ထို့​ကြောင့် ယေ​ရှု​သည် သူ​တို့​အား အ​တိ​အ​လင်း​ပြော​ဆို​၍ “လာ​ဇ​ရု​သေ​ပြီ။

15. သို့​သော် သင်​တို့​ယုံ​ကြည်​ကြ​ရန် ထို​အ​ရပ်​၌ ငါ​မ​ရှိ​ခဲ့​သည်​ကို သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​၏။ မည်​သို့​ပင်​ဖြစ်​စေ သူ့​ထံ​သို့​သွား​ကြ​စို့”​ဟု မိန့်​တော်​မူ​၏။

16. ထို​အ​ခါ ဒိ​ဒု​မု​ဟု​ခေါ်​သည့်​သော​မ​က “ကိုယ်​တော်​နှင့်​အ​တူ​အ​သေ​ခံ​ရန် ငါ​တို့​လည်း လိုက်​သွား​ကြ​စို့”​ဟု အ​ခြား​တ​ပည့်​တော်​တို့​အား​ပြော​ဆို​၏။