Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 10:4-17 Myanmar Standard Bible (MSB)

4. မိ​မိ​၏​သိုး​ရှိ​သ​မျှ​တို့​ကို ထုတ်​ပြီး​သော​အ​ခါ သိုး​တို့​ရှေ့​မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အ​သံ​ကို​သိ​သော​ကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။

5. သူ​စိမ်း​တို့​၏​အ​သံ​ကို​မူ မ​သိ​ကြ​သော​ကြောင့် သူ​စိမ်း​နောက်​သို့ မည်​သည့်​အ​ခါ​မျှ မ​လိုက်​သည်​သာ​မ​က သူ​စိမ်း​ထံ​မှ ထွက်​ပြေး​တတ်​ကြ​၏”​ဟု မိန့်​တော်​မူ​၏။

6. ယေ​ရှု​သည် ဤ​ပုံ​ဥ​ပ​မာ​ကို လူ​တို့​အား​မိန့်​တော်​မူ​သော်​လည်း မည်​သည့်​အ​ကြောင်း​အ​ရာ​များ​မိန့်​တော်​မူ​သည်​ကို သူ​တို့​နား​မ​လည်​ကြ။

7. ထို့​ကြောင့် တစ်​ဖန် ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံ​ခါး​ပေါက်​ဖြစ်​၏။

8. ငါ့​ထက်​အ​လျင်​ဦး​စွာ​ရောက်​လာ​သော​သူ​ရှိ​သ​မျှ​တို့​သည် သူ​ခိုး​များ၊ ဓား​ပြ​များ​ဖြစ်​ကြ​၏။ သို့​သော် သိုး​တို့​သည် သူ​တို့​ကို​နား​မ​ထောင်​ခဲ့​ကြ။

9. ငါ​သည် တံ​ခါး​ပေါက်​ဖြစ်​၏။ မည်​သူ​မ​ဆို ငါ့​အား​ဖြင့်​ဝင်​လျှင် ကယ်​တင်​ခြင်း​ခံ​ရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်​စား​ရာ​ကို​တွေ့​ရ​လိမ့်​မည်။

10. သူ​ခိုး​သည် ခိုး​ယူ၊ သတ်​ဖြတ်၊ ဖျက်​ဆီး​ရန်​သာ လာ​တတ်​၏။ ငါ​မူ​ကား သိုး​တို့​အား အ​သက်​ကို​ရ​ရှိ​စေ​ရန်​သာ​မ​က ထို​အ​သက်​ကို ကြွယ်​ဝ​ပြည့်​စုံ​စွာ​ရ​ရှိ​စေ​ရန်​လာ​၏။

11. ငါ​သည် ကောင်း​မြတ်​သော​သိုး​ထိန်း​ဖြစ်​၏။ ကောင်း​မြတ်​သော​သိုး​ထိန်း​သည် သိုး​တို့​အ​တွက် မိ​မိ​အ​သက်​ကို​စွန့်​တတ်​၏။

12. သိုး​ထိန်း​မ​ဟုတ်၊ သိုး​တို့​၏​ပိုင်​ရှင်​လည်း​မ​ဟုတ်​သော လူ​ငှား​မူ​ကား ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို​ပစ်​ထား​၍ ထွက်​ပြေး​တတ်​၏။ ထို​အ​ခါ ဝံ​ပု​လွေ​သည် သိုး​တို့​ကို​လု​ယူ​ဖမ်း​ဆွဲ​၍ တစ်​ကွဲ​တစ်​ပြား​ဖြစ်​စေ​၏။

13. ထို​သို့​ဖြစ်​ရ​ခြင်း​မှာ လူ​ငှား​သည် လူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့​၏​အ​ရေး​ကိစ္စ​ကို ဂ​ရု​မ​စိုက်​သော​ကြောင့်​ဖြစ်​၏။

14. ငါ​သည် ကောင်း​မြတ်​သော​သိုး​ထိန်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည် ခ​မည်း​တော်​ကို​သိ​သ​ကဲ့​သို့ ငါ့​သိုး​တို့​ကို ငါ​သိ​၍ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ​၏။

15. ငါ​သည် သိုး​တို့​အ​တွက် ငါ့​အ​သက်​ကို​စွန့်​၏။

16. ငါ​၌ ဤ​သိုး​ခြံ​ထဲ​မှ​မ​ဟုတ်​သော အ​ခြား​သိုး​တို့​ရှိ​သေး​၏။ ထို​သိုး​တို့​ကို​လည်း ငါ​ခေါ်​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​အ​သံ​ကို​နား​ထောင်​ကြ​သ​ဖြင့် သိုး​အုပ်​တစ်​အုပ်​တည်း၊ သိုး​ထိန်း​တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။

17. ငါ​သည် အ​သက်​ကို​ပြန်​လည်​ရ​ယူ​ရန် ငါ့​အ​သက်​ကို​စွန့်​သော​ကြောင့် ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​၏။